ကျနော့်ကဗျာမှာ ကံစမ်းမဲပါတရ်
ဗလာမပါကံစမ်းမဲတွေပေးနေပြီနော်
လာကြ….လာကြ
ဆောင်းရာသီ ကဗျာပရိုမိုရှင်းမှာ
အားပေးကြတဲ့ကဗျာပရိတ်သတ်တွေကို
ကျေးဇူးတုံ့ပြန်သောအားဖြင့်
မေတ္တာလက်ဆောင်တွေမဲဖောက်ပေးနေပါပြီ။
ပထမဆုအနေနဲ့
နင့်နင့်သီးသီးရေးဖွဲ့ထားတဲ့
ကဗျာတစ်ပုဒ်အပိုင်ရမရ်
ဒုတိယဆုအနေနဲ့တော့
ကဗျာဆရာနဲ့
လေလှိုင်းပေါ်မှာစကားပြောခွင့်ရမရ်
တတိယဆုအနေနဲ့တော့
ရေးလိုက်တဲ့ကဗျာတိုင်းကို
Tag လုပ်ခွင့်ရမရ်
ကဲဘရ်လိုလဲ
ခင်ဗျားတို့စိတ်ဝင်စားပါရဲ့လား
အမြန်သာကံစမ်းလိုက်ရအောင်ဗျာ
မာန်ခက်ဝင့်
14.November.2012
Comment #2
Both title & poem r Really excited & interested
By: ei lay at Nov 14, 2012
Comment #3
maypyo တကရ်ပြောတာ စိတ်ဝင်စားလား??? 😛
By: မာန်ခက်ဝင့် at Nov 15, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကိုမာန်ခက်ဝင့် တကယ်လားဟင် …