အေးအေးချမ်းချမ်းနေခဲ့ပါ.ချစ်သူ…
အေးစက်ခွင့်ပြုပါချစ်သူ……….
တချိန်လုံး ငါနွေးထွေးပေးခဲ့တော့
လုံလောက်မယ် ထင်ခဲ့တာ
နုတ်ဆိတ်ခွင့်ပြုပါချစ်သူ……….
ရှင်းပြနေပေမယ့် လက်မခံတတ်တဲ့ မင်းအတွက်…
ငါစကားလုံး ချို့ တဲ့နေလို့ ပါ.
ထွက်သွားပါရစေချစ်သူ………..
ထားရာနေ စေရာလုပ်တတ်တဲ့ ငါက
အခု အသက်ဝင်နိုးထလာပြီလေ…
စိတ်ချမ်းမြေ့ပါစေချစ်သူ……….
ကိုယ်မချစ်တဲ့လူနဲ့ နေတဲ့ ဒုက္ခ
ဘယ်လောက်ကြီးလဲ ..ငါစာတွေထဲ ဖတ်မိသွားတယ်
ငါ့ကိုခွင့်လွှတ်ပါချစ်သူ……..
အလိုက်သိတတ်လိုက်တာ.ဆိုတဲ့ စကားရဖို့ 
ငါကြိုးစားခဲ့တဲ့အရာတွေ..
နင့်ကိုရှင်းပြဖို့ ..မေ့နေခဲ့တယ်
အခုတော့အေးအေးချမ်းချမ်းနေခဲ့ပါ.ချစ်သူ…
Comment #5
အရမ်းမိုက်တယ် ကြိုက်လို share twar p
By: gg at Nov 18, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
nice