နံရံမှာ ဓါးနဲ့ အပေါက်ခံထားရတဲ့ သီချင်း
…………………………………………….
နံရံမှာ
ဓါးနဲ့
အပေါက်ခံထားရတဲ့ သီချင်း
…………………………………………….
ဘာမှမဟုတ်ခဲ့ပါ….
ရောက်လာသမျှဇာတ်ဝင်ခန်းတွေကို
မီးစင်ကြည့်ကနေရုံလေး….
ရေထဲ…
ထိုးလဲနေတဲ့ သက်တန့်တစ်ခုကို
တစ်နေကုန် ထိုင်မျှားနေရုံလေး….
ထိုးလဲနေတဲ့ သက်တန့်တစ်ခုကို
တစ်နေကုန် ထိုင်မျှားနေရုံလေး….
လောကဓံဓါးခုတ်ရာမှာ
ရှေ့ဆုံးကနေပြီးလက်ဝင်ရှိုနေရုံလေး….
ရောက်မလာနိုင်တော့တဲ့သူငယ်ချင်းတစ်ယောက်ယောက်ကို
ဘူတာရုံကနေ ထိုင်စောင့်နေရုံလေး…
ဘ၀ဆိုတာကို
ခန့်ခန့်ညားညားကြီး မှားနေရုံလေး…
ဘုရားစင်ရှေ့မှာ
မပြည့်နိုင်တဲ့ ဆုတွေ ခြွေနေရုံလေး….
လူသားဆန်တဲ့ အသံနဲ့
လူတစ်ယောက်လိုအူနေရုံလေး…
ကျွန်တော်…
ဘာမှမဟုတ်ခဲ့ပါ…..။ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service