ငါ့ရဲ့ အနာဂါတ်
လေပြေတိုးသံတွေရဲ့ ကြားက
တိတ်တဆိတ် ခေါ်သံတွေ
ငါ့နားထဲတိုးဝေ့လာတိုင်း
စိုးထိတ်စေခဲ့တယ်
အမှောင်ရိပ်တွေရဲ့ ကြားက
ဝိုးတ၀ါး ပုံရိပ်လေးတွေ
ငါမြင်ယောင်လိုက်တိုင်း
ချောက်ခြားစေခဲ့တယ်
နင်မရှိတော့တဲ့ အထီးကျန်ဆန်တဲ့
နေ့ ၊ ည တွေ ငါ့ကို
တွေဝေစေခဲ့တယ်
နင်ပေးသွားခဲ့တဲ့
ဝေဒနာ ပန်းချီကားတစ်ချပ်ကို
ဖြေသိမ့်မှု အလွမ်းတွေနဲ့
ခြယ်သနေရတုန်းပဲ
တကယ်ဆို
နင်ထားသွားမယ့်နောက်
ငါ့ အနာဂါတ်ကို
မြင်ကြည့်ခဲ့သင့်တယ်။
Comment #2
နင်ပေးသွားခဲ့တဲ့
ဝေဒနာ ပန်းချီကားတစ်ချပ်ကို
ဖြေသိမ့်မှု အလွမ်းတွေနဲ့
ခြယ်သနေရတုန်းပဲ
တကယ်ဆို
နင်ထားသွားမယ့်နောက်
ငါ့ အနာဂါတ်ကို
မြင်ကြည့်ခဲ့သင့်တယ်။
By: မေပ။ျိ at Nov 25, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
နင်ပေးသွားခဲ့တဲ့
ဝေဒနာ ပန်းချီကားတစ်ချပ်ကို
ဖြေသိမ့်မှု အလွမ်းတွေနဲ့
ခြယ်သနေရတုန်းပဲ….
( ta kal kg pr tl )