ဆုရယ် – 2
ဆုရယ်
နင်ရယ် ငါရယ်က
သူငယ်ချင်းလည်း မဟုတ်
ချစ်သူလဲမဖြစ်ခဲ့ကြဘူး
အပြင်မှာတွေ့ပြီး စကားလည်း
မပြောခဲ့ရဘူး
နင်နဲ့ ငါ မဆုံစည်းရခင်ထီ
ခွဲခွာခြင်း မှတ်တိုင်ကိုတော့
မကျော်လွန်စေချင်ဘူး
ဆုရယ်
မရိုးသားဘူးလို့ နင်ထင်
ငါ ခြေလှမ်းများ ပျက်ခဲ့ရင်
နင့်ရှေ့ဒူးထောက်ပစေ
နောက်လှည့်တော့ မပြန်ခိုင်းပါနဲ့
နင့်ရဲ့ အပြုံးလေးတစ်ပွင့်က
ငါ့ရင်ကို ပြန်လည် ခုန်စေဖို့
ဆေးအဖြစ် လိုအပ်နေပြိ
နင့်စကားလေးတစ်ခွန်းကလည်း
ငါ့ဘ၀ရဲ့ ပိုစုန်းကြူးလေးသာ
ဆုရယ်……..
တစ်ခွန်းသော စကားကို
မြတ်နိုးခြင်းတွေနဲ့
ဖွင့်ဟလိုက်ချင်ရဲ့
ငါ့အတွက် အဖြေက
လေပြေကြားမှာတင်
သာယာနိင်ပါ့မလား……..
Comment #2
Why not?
Never give up.
Fighting.
🙂

Comment #3
နောက်လှည့်တော့မပြန်ခိုင်းပါနဲ့။
အားပေးသွားပါတယ်

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အင်း ဆုသိဖို့ဆုတောင်းပါတယ် သာယာပါစေနော်