ယနေ့ခေတ်( ဆုရ – စာစီစာကုံး အမှတ်စဉ် ၁)
စာမေးပွဲအောင်ဖို့  – ပန်းခြင်းတခြင်း
စီးပွားရေးအောင်မြင်ဖို့  – ဂဟေဆက်ပြီးသားရွှေလက်သန်းနှစ်ချောင်း
ဘာသာရေးအားစိုက်နိုင်ဖို့  – တောင်တန်းတခုလိုbackground
လမ်းလျောက်ဖို့  – ပိုက်ဆံတစ်ရွက်
အာလုပ်ကျင်းဖို့  – ရွှေချောင်းတစ်ချောင်း
အသက်ရှုဖို့  – ငွေပိုက်တဆက်
ကောင်းကောင်းနိုးထစေဖို့  – အထက်လူကြီး၏အပြုံးတပွင့်
ကောင်းကောင်းအိပ်ပျော်စေဖို့  – 10000 တန်တွေထပ်ထားတဲ့ လေးအေးပေးစက်တလုံး
အသက်သေဖို့  – ခေါင်းဆောင်တလွဲ ပိုင်ဆိုင်ထားခြင်း
အသက်ရှင်ဖို့  – ဗလာ များ သာ ပါရှိသော ကံစမ်းမဲအား လျို့ဝှက်သည်းဖို စွာ ဗလာမပါစေရန် ဆုတောင်းနေခြင်း
(Side effect –
စာမတတ်ပေမတတ် သံဃာများအား သတ်ရန်အတွက် ဟူသော အတွေးအခေါ်များသာ ပိုင်ဆိုင်မည့် ကလေးငယ်များစွာပေါ်ပေါက်လာနိုင်ခြင်း
လူတော်များ နေရာပျောက်၍ လူကောင်းများ နေရာဟောင်းမှ မရွေ့ –
လူဆိုးများ နေရာတိုး၍ လူ့ တိရိစ္ဆာန်များ အာဏာစိုးခြင်း
ယတြာများသာတတ်၍ လွတ်မြောက်လမ်းပျောက်နေသော
ဘုန်း ဘုန်း ပြီး ကြီးပွားနေလျှက်ရှိသော ဘုန်းကြီးများ အသက်ရှည်နေခြင်း)
နိဒါန်း – ပန်းခြင်းတခြင်း
စာကိုယ် – သံဃာရိုက်ပွဲ
နိဂုံး – မျက်ရည်ယိုဗုံးတစ်လုံး
Comment #1
အဲဒါတွေက အခုဟစ်ဖြစ်နေတာပဲနော် .. စိတ်မကောင်းဘူး .. မြန်မြန်ငြိမ်းချမ်းမှုရစေချင်တယ်