အဦးဆုံးချစ်ခဲ့သူ
မျှော်တလင့်လင့်ဆိုပေမယ့်
တော်တော်ရင့်နေတဲ့ဒီအချစ်ရူး
တွယ်ရာမဲ့မျှော်ရာမဲ့ခဲ့ရပေါ့ ။
တော်ရာမှာမနေတတ်ခဲ့သူမို့
ကွယ်ရာမှာသာ
ကြိတ်ကာလွမ်း
နွမ်းလျမပြေ ။
လှမ်းဝင့်လိုမချူသာဒီပန်း
အခုမှ
ပိုင်ချင်သူတွေ
ဘယ်ကများလာပါလိမ့်
အဦးဆုံးချစ်ခဲ့ပေမယ့်
အရူးဆုံးကိုယ်သာဖြစ်ခဲ့ရတာတော့
ကိုယ်ဖြေမရွှင် ။ ။
တင်မျိုးနိုင်
Comment #2
အချစ်ဦးဆိုတာ တသက်လုံးမမေ့လောက်ဘူး။
By: မိုးကြိုး at Dec 4, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အချစ်ဦးမို့ ရူးမလောက်ပေါ့ရှင်