ရူန်းထွက်ခွင့်ပြုပါ
ငါ့ဘ၀ရဲ့ လမင်းလေးရယ်
အစဉ်သာ အမြဲထွန်းလင်းနေပေးပါ
နေလိုပူပြင်းတဲ့ ငါ့ဘ၀ထဲကို
နင် ၀င်မလာချင်ပါနဲ့တော့
ခြောက်သွေ့နေတဲ့ ငါ့ရဲ့
ဘ၀လမ်းတွေကိုလည်း
နင်မလျှောက်လှမ်းချင်ပါနဲ့လား
ငါရင်ထဲမှာလည်း နင်မပါရင်
မဖြစ်နိင်တော့မှာကိုတော့
ဘယ်လိုစကားလုံးတွေနဲ့များ
ခွင့်ပန်တောင်းဆိုရမှာလဲ
နင်ကပဲ ငါ့ရဲ့ နေ့ ၊ ငါ့ရဲ့ ည တွေ
ဖြစ်လို့နေပြိ
ငါရင်မဆိုင်ရဲတော့တဲ့ အချစ်တစ်ခုကို
ကျောခိုင်းထားတာ
ငါ့ကိုယ်ငါရော တရားရဲ့လား
နင်ကိုငါ စာနာပေးနိင်သမျှ
နင့် အကြည့်တွေထဲက
ရှုန်းထွက်ခွင့်ပြုပါ
တကယ်ပါ
ငါ့ရဲ့ ဘ၀ နင်နဲ့ နီးနီးနေနိင်ဖို့
ခြားနားလွန်းပါတယ်
ချစ်သူ…………..
Comment #2
အချစ်စစ်ဆိုတာ ရုန်းမထွက်သင့်ဘူးနော်

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
🙁
🙁
No good.
Kyike bu.