ဘာပဲဖြစ်ဖြစ် ကိုယ့်လက်မှတ်ဆိုတော့ စာချုပ်ကို သေချာမဖတ်မိရင်
ကြိုးကို မြွေလို့ ထင်တတ်တယ်။မြေပြင်ကို ပင်လယ်အဖြစ်မြင်ပြီး ကိုယ့်ကိုယ်ကို
သင်္ဘောပျက်နေသလို ခံစားသွားတတ်တယ်။သူ့ဟာနဲ့သူတော့ အဆင်ပြေနေကြ
တာချည်းပဲ။မှန်တစ်ခါကြည့်တိုင်း ကိုယ့်မျက်နှာကိုယ် ပြန်မမှတ်မိတာကလွဲရင်။
ခင်ဗျားမှာ ဇရှိတယ်၊ခင်ဗျား လုပ်နိုင်တယ်ဆိုတာ ကျွန်တော် ယုံတယ်(၁)။ကြိုးရှည်ရှည်နဲ့
အလှန်ခံထားရသလို၊စပါးကြီးညှို့ချက်မိနေသလို ချည်တိုင်ကို ပြန်သွားရတဲ့နွားရူး။
ကိုယ်တိုင် ငရဲကြိုးတန်းပေါ် လမ်းလျှောက်နေရသူက သူတစ်ပါးကို ကောင်းကင်ဘုံခေါ်တာ
သဘာဝ ကျ/မကျ???
နေ့တိုင်းမှာ လူတိုင်းဟာ သတင်းသားကောင်လည်း ဖြစ်နိုင်၊အတင်းလိုက်တာလည်း ကြုံရနိုင်။
အမဲလိုက်ခံရတာကြာရင် အသားကျအံတိုလာမယ်။တစ်ချို့အဓိပ္ပာယ်တွေက မရှိမကောင်းရှိမကောင်း။
မပေါင်းလည်းခက်ပေါင်းလည်းခက်တဲ့မိန်းမနဲ့ငွေက ကိုယ်နဲ့ ရှင်ခန်းဖြတ်သေခန်းပြတ်ပဲ။
ဘယ်ပြန်မှာလဲမမေးပါနဲ့။ဘတ်စ်မှတ်တိုင်မှာ နာရီတကြည့်ကြည့်စိတ်စောမှုတွေအလယ်။ဟိုလေ. . .
ညီ့ခြေရင်းမှာ ကျွန်တော့်ခေါင်းအုံးလေး ထားပါရစေ။
ဘုရားသခင်ပဲဖြစ်ဖြစ်၊စေတန်ပဲဖြစ်ဖြစ် ကိုယ့်ဘာသာကိုယ် ရွေးချယ်တာပဲ။ဘုရားသခင် သေပြီလို့
နစ်ရှေးပြောခဲ့ပြီးသား။ကိုယ်ကတော့ နစ်ရှေးကသေပြီပြောတဲ့ဘုရားသခင် မဟုတ်ဘူးကွာ။
ကိုယ်ကိုယ်တိုင် ရွေးချယ်ထားတဲ့ဘုရားသခင်။ဘုရားသခင်အသစ်ပေါ့ကွာ။ကဲ…ညီလေး ကိုယ်မေးမယ်။
မင်း ဘုရားသခင်ဖြစ်ချင်လား???စေတန်ဖြစ်ချင်လား???(၂)
လိမ္မော်သီးထဲ အသည်းနှလုံးကို ညှစ်ချ၊အသည်းနှလုံးညှစ်ထည့်လိုက်တဲ့လိမ္မော်သီးကို ကလေးတစ်ယောက်ရဲ့
ဖြန့်ထားတဲ့လက်ဝါးထဲ ညင်ညင်သာသာ ထည့်၊ရွှေအိုရောင်ဆံနွယ်တွေ မျက်နှာတစ်ခြမ်းမှာ ဖုံးအုပ်သွား၊မျက်နှာ
တစ်ခြမ်းဖုံးအုပ်သွားတဲ့ဆံနွယ်တွေကို ဖွဖွလေး သပ်တင်၊ကဗျာစာအုပ်ကို ဖတ်ရင်း နှစ်နှစ်ခြိုက်ခြိုက် ပြုံးနေတာ
ပျော်စရာကမ္ဘာ၊သူ ပိုင်ဆိုင်ချင်မှန်းသိရင် ကိုယ်က ဘာကြောင့် တွန့်တိုနေမှာလဲ။တစ်စုံတစ်ယောက်ကြောင့်
စိတ်အလိုမကျဖြစ်တာလည်း ထွန်းတတ်ရင် လင်းတာပဲ။
ကြောက်တယ် . . . ဓားသွားပေါ်ကပျားရည်စက်ကို လျှာနဲ့လျက်နေမိတာ
ဘ၀ဟာ ဘာမှန်းမသိပေမယ့် အချစ်ဟာ ဘယ်တော့မှ ဆေးမမီဘူး
မင်းက ငါ့ကို ကာယကံ၊၀စီကံနဲ့ လုပ်ကြံခဲ့တယ်။(၃)
ဟဲ့ . . . နင်ငယ်ငယ်တုန်းကဆိုတော့ ငါတို့က ဘယ်အရွယ်ရှိနေပြီတုန်း
အမလေးလေးကိုသျှားရယ် . . .(၄)
အစ်ကို စတွေကကတည်းက သိပါတယ်။မင်းဟာ ဘ၀တစ်လျှောက်လုံးကို ကဗျာနှလုံးသားနဲ့
ရှင်သန်နေမယ့်သူဆိုတာ။အဲဒါကြောင့်လည်း အကို မင်းကို ချစ်တာပဲ။(၅)
ကျွန်တော့်ကိုတော့ အားလုံးက အေးဆေး။သူ့ကိုကျတော့ အပြောအဆိုလည်း မဆင်ခြင်၊
လေးလေးစားစားလည်း မဆက်ဆံလို့တဲ့။ဆရာ/မတွေက ၀ိုင်းပြောနေကြတာ။
ငါ ဟာ နိုင်ငံတစ်နိုင်ငံဖြစ်ရင် ဘယ်တော့မှ ဒီမိုကရေစီယောင်မဆောင်ဘူး။ငါကိုငါ ကျူပင်ခုတ်
ကျူငုတ်မကျန် တော်လှန်ပစ်ရမယ်။တကယ်လိုအပ်နေတာက စစ်တိုက်ပြီး အောင်ပွဲခံတဲ့အနိုင်ယူမှုထက်
စစ်မတိုက်ဘဲ အနိုင်ယူတဲ့အောင်ပွဲခံမှု(တွေ ပေးမလား???)လိုအပ်တဲ့အချိန်တိုင်း ခေါ်လိုက်လေ။
ဦးချောပြောသလို ရယ်ရယ်မောမောနဲ့ပေါ့ပေါ့ပါးပါးပေါ့အစ်ကို။ကျွန်တော် ဘုရားသခင်ကို ဖန်ဆင်းတဲ့လူပဲ
ဖြစ်ချင်တယ်။(၆)
ကိုသျှား
(၁) ။ ။ ဆရာငြိဏ်းဝေ
(၂) ။ ။ အကိုရင်ငြိမ်း
(၃) ။ ။ ကျွန်တော် ငယ်ငယ်တုန်းက ရေးခဲ့တဲ့ကဗျာတစ်ပုဒ်ထဲက စာသား
(၄) ။ ။ ဆရာမမအိ
(၅) ။ ။ အကိုဝိုင်ချို
(၆) ။ ။ ကိုသျှား
Comment #2
ဘာပဲဖြစ်ဖြစ် သစ်ပင်ဖြစ်တဲ့အထိပဲ စိုက်ကြည့်လိုက်တော့မယ်ကွာ 😛
Comment #1
မပေါင်းလည်းခက်ပေါင်းလည်းခက်တဲ့မိန်းမနဲ့ငွေက ကိုယ်နဲ့ ရှင်ခန်းဖြတ်သေခန်းပြတ်ပဲ။
(မယုံပေါင်………….သေခန်းပြတ်ဆိုတာသေချာလား? ဒါဆိုလက်ထဲကငွေတွေလွှင့်ပစ်လိုက်)
😀 😀