အောင်မြင်မှုပန်းတိုင်လှမ်းကိုင်နိုင်အောင်-ကဗျာချစ်သူ(ဘုတလင်)
ပြည့်ဝနှလုံး ဆင်ခြင်သုံး၍
ဖြောင့်မတ်တည်ကြည် ကူညီစိတ်ထား
သစ္စာတရား မေတ္တာထားကာ
အချစ်ကမ္ဘာမှာ အချစ်ရှာကြပါစို့
သူငယ်ချင်း။
အမုန်းတရား အမုန်းမပွားပဲ
ကောင်းတာကိုမြင် ကောင်းစိတ်ဝင်၍
ဘေးစကားဖြင့် အတွေးများကာ
အမုန်းရွာမှာ အမုန်းမရှာကြပါနှင့်
သူငယ်ချင်း။
အမုန်းတွေပယ် အချစ်တွေတွယ်ပြီး
ဖြူစင်မေတ္တာ ဂရုဏာနှင့်
အောင်မြင်မှုပန်းတိုင် လှမ်းကိုင်နိုင်အောင်
တစ်လှမ်းချင်းတက် ခရီးဆက်ကြပါစို့လား
သူငယ်ချင်းရယ်။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Nice