အိပ်မက်များနဲ့ ပြေးလွှားခြင်း
အတူရှိခဲ့တဲ့ အချိန်..
နတ်ပျိုမရေ……
ဗေဒါလမ်းမှာ
စမ်းတဝါးဝါး ကခုန်
ကြုံဖူးတဲ့ တေးသွားနဲ့ ပျော်ပါး
ဝေဝါးသွားတော့ တပ်မက်မှုနဲ့ 
ယုယဖို့  အိပ်မက်တုန်း
“ဝုန်း”ခနဲ လန့် နိုးခဲ့တဲ့ညတွေ
မလှပတဲ့ ငါ့ကမ္ဘာမှာရှိခဲ့တယ်.။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
လန့်မနိုးပဲ အိပ်စက်နိုင်တဲ့ညတွေ ရောက်လာပါစေရှင့်