Professional Authors

နွေည

ဥသြငှက်သံက ပူဆွေးမှုကို
လောင်စာပြုတယ်…
နွေလေညှင်းက ဆွေးမြေ့မှုကို
အရှိန်တတ်စေတယ်…
ကြွေကျခဲ့တဲ့ သစ်၇ွက်တိုင်းက ငါ့အလွမ်းတွေဆိုရင်
ကောက်ယူသိမ်းဆည်းလို့တောင် ရမယ်မထင်…
ခြောက်ကပ်ကပ်သစ်ပင်တွေက ငါဖြစ်ခဲ့ရင်
ကန္တာရဖြစ်တဲ့ ဒီရင်ထဲ
မြင့်မားတဲ့အပူရှိန်နဲ့ လောင်ကျွမ်းပြာချပစ်လိုက်ပါ….
အိပ်ရေးပျက်တဲ့ ဒီလိုညမျိုး..
ဘယ်အခါနွေမှာ အေးချမ်းပါ့မလဲ။

In: ကဗျာ Posted By: Date: Dec 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment