အဲ့လိုအကြောက်တရားတွေကိုလည်း..ကျွန်တော့်ချစ်သူကဖန်တီးပေးခဲ့သည်
ဘယ်တုန်းကမှ..မမျှော်လင့်ခဲ့တဲ့..အချစ်တစ်ခု..သူ့ဖာသာသူမွေးဖွားလာတဲ့အခါ…
ငါဟာ..နန်းကျတဲ့ဘုရင်တစ်ပါးလို….
သူ့အားပြန်လည်ခစားခဲ့ရတယ်…
ငါ့ကို..ပြန်အုပ်စိုးသွားတာ..အချစ်တစ်ခုပါ..။
ငါ့ကိုယ်ငါ..ယောက်ျားတစ်ယောက်မှဟုတ်လေစ…လို့..ပြန်ဆန်းစစ်ရလောက်အောင်ကို
သေးဖွဲသိမ်နုပ်နေတဲ့…မာနတစ်စုံကိုတောင်…ငါ့ရင်ထဲမှာငါ..မနည်းပြန်လည်ရှာဖွေခဲ့ရတယ်…
တဖြည်းဖြည်းချင်း…ကုန်ဆုံးပျောက်ကွယ်သွားတဲ့…ငါ့ရဲ့အာဏာတွေကို..ငါမနှမြောပါဘူး…
ဘယ်သူကပဲဘယ်သူ့ကိုထိန်းချုပ်နေပါစေ…နင်နဲ့ငါ့ရဲ့..အပြန်အလှန်ဆက်သွယ်မှုကိုပဲ..ငါအလိုရှိခဲ့တာပါ..။
မလိုချင်တော့ဘူးလား….ငါ့ကို..အလိုမရှိတော့ဘူးတဲ့လား…
နင်ပြောတဲ့စကားတွေက..အမိန့်သံဆန်နေပေမယ့်..မျက်လုံးတွေက..ဘာလို့တောင်းပန်ဟိုးလျှိုးနေခဲ့ပါသလဲ..
ဘယ်လိုတွေကြောင့်လဲ..ချစ်သူရယ်..
နင်ဟာငါ့ဘ၀ပါဆိုတဲ့..ငါ့ရဲ့စကားကိုကျော်လွန်ပြီး….ငါ့ကိုနင့်ဘ၀ထဲကဆွဲထုတ်မလို့လား…
ငါ့မရှိတော့မယ့်..နင့်ဘ၀ရဲ့ခံစားချက်တွေဟာ…စုတ်ပြတ်နုံချာသွားမယ်ဆိုတာ..သိရက်နဲ့ဆိုရင်တောင်…
ငါ..ဝေခွဲမရပါလားဆိုတဲ့..တွေဝေစိတ်လေး…နင်ဖြစ်သင့်ခဲ့ပါတယ်..။
ဝေးကွာခြင်းရဲ့စက္ကန့်တိုင်းမှာ..ငါ့ကိုယ်ငါတစစီစုတ်ဖြဲနေခဲ့မိပါတယ်
နင့်ရဲ့စကားသံတွေကိုရွံမုန်းနေခဲ့မိတာတောင်…နင်မကြိုက်တဲ့အရာတွေကိုလုပ်ဖို့..ငါ့ကိုယ်ငါတားမြစ်နေမိသေးတယ်..
သိပ်ကိုကြောက်ဖို့ကောင်းတဲ့စွဲလမ်းမှုတစ်ခုကို..ငါပိုင်ဆိုင်ခဲ့တယ်ချစ်သူ..
မင်းကိုချစ်တဲ့အချစ်တွေဟာ…
ကျိန်စာတွေသာဆိုရင်…….ငါဘယ်လိုလုပ်ရမလဲဟင်..
နာကျင်မှုက……..ဘယ်လောက်ထိအင်အားကြီးမားသလဲဆို….
အကြောက်တရားဟာ…
အပေါ်ကနေ..စီးမိုးကန်ကျောက်နေခဲ့သလို…
ဘယ်သောအခါမှ…တွန်းလှန်နိုင်တော့မှာမဟုတ်ဘူးဆိုရင်….
Comment #1
Kyauk nay De loh ma Myin mi par bu.
Tan phoe htar dat de thu loh be khan sarr mi par de shint.
Koh ko myat noe de Lu 1 yout ko swe lann mi twar tar phyit tint par de.
Koh ko tan phoe htar de Lu 1 yout ko Mae loh ma ya naing Dar le phyit tint par de.
Ta yarr hma ta hmu Shi de loh htin par de.
“Mar na” so tar Lu tine hmar Shi par de.
“Yout kyar & main ma. ” so p Kwe loh ma ya naing par bu shin.
A chit hmar “mar na” tway pyine nay me so yin 100% shone laint me.
A naing lo chin sate ne tun hlan phoe kyoe sarr tine nar kyin say me a shone tway pe ya laint me.