မင်းနဲ့တွေ့တော့လည်း(genius)
ငါ…နေမကောင်းပါ
မနေ့က သူ့ရဲ့
အပြုံးတု တွေ့လိုက်တည်းက။
ငါ….နေမကောင်းပါ
မနေ့က သူ့ရဲ့
အကြည့်ခါး မြင်လိုက်တည်းက။
ငါ…..နေမကောင်းပါ
အရင်လိုမဟုတ်တဲ့
သူ့ရဲ့ကျင့်ဝတ်တွေက
ငါ့ကိုနေမကောင်းဖြစ်တယ်လေ။
အခုဆို
အနမ်းအဆိပ်ကြောင့်
ည…..ည
အဖျားတက်စေတယ်။
နှင်းဆီရဲ့ဆူးပဲ
ရူးစေတာလား..?
မာယာကပဲ
ချိုမြိန်နေလား..?
အဖြေထုတ်မရဘဲ
အဖျားပိုးက အသည်းကိုစားတယ်။
သူ့အနားရောက်မှဘဲ
ကိုညီထွဋ်ရဲ့
!မင်းနဲ့တွေ့တော့လည်း နေလို့ကောင်းသွားတာပဲ!
သီချင်းဆိုပြရဦးမယ်။
Comment #2
Big smile
By: ei lay at Dec 19, 2012
Comment #4
ငါ…..နေမကောင်းပါ
အရင်လိုမဟုတ်တဲ့
သူ့ရဲ့ကျင့်ဝတ်တွေက
ငါ့ကိုနေမကောင်းဖြစ်တယ်လေ။
ဆေးတွေ့ဖို့က သူ့အချစ်ပဲလိုတော့တယ်
By: မေပျို at Dec 20, 2012
Comment #6
ကျွန်တော်မျိုး ဒေါ်မိုး နှစ်သက်စွာအားပေးနေလျှက်ပါခင်ညာ
By: အသဲကွဲ မိုး at Dec 22, 2012
Comment #7
Ei le a khu nay ma Kaung par.
🙁
By: ei lay at Dec 22, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
တကယ့်ခံစားချက်တွေထင်တယ်
ကဗျာလေး ဖတ်သွားတယ်ဗျာ ~~
With respect,
RAY