Professional Authors

လေတံခွန်

ပန်းတွေနဲ့ ညှိဖို့ ကြိုးစားရင်း
မိုးလင်းသွားခဲ့တဲ့ ရာသီ
အိပ်မက်ကို ကြိုးနဲ့ချည်ပြီး
ရင်ခုန်သံကိုတော့ ပိုကြိုးနဲ့ သီလိုက်တယ်။

တိမ်နဲ့ကျစ်တဲ့ကြိုးဟာ…
ကံတရားရဲ့ဓားရိုးမှာ တွယ်ငြိ
ပါးမို့မို့ပေါ်က ပါးကွက်မှာမိုးမိတဲ့အကြောင်း
အရိုးထိရွှဲစိုသွားတဲ့ဝေဒနာက  အသံမြည်တယ်။

အမြဲလိုလိုပါပဲ
တရားစီရင်ဖို့တာစူတတ်သူ
ငါ့ရဲ့…ကဗျာ့ရွာသူနှုတ်ခမ်းလေး
တစ်သံသရာလုံးတင်တဲ့ ၀ဋ်ကြွေးကိုပေးဖို့
ငါ ဘယ်ဗေဒင်မှ မေးမှာမဟုတ်ပါဘူး။

အခုကစလို့
ငါ့ကိုယ်ငါ ကွဲအက်ခမ်းခြောက်
မိုးဦး လေဦးမှာ လွင့်ပြယ်ရင်းပျောက်ဖို့
အပြာရောင်ကြိုးတွေဖြတ်တောက်လိုက်ပါပြီ။

In: ကဗျာ Posted By: Date: Dec 29, 2012
Comment #1

နှစ်သက်မိပါ၏

commentinfo By: အသဲကွဲမိုး at Dec 29, 2012
Comment #2

အခုကစလို့
ငါ့ကိုယ်ငါ ကွဲအက်ခမ်းခြောက်
မိုးဦး လေဦးမှာ လွင့်ပြယ်ရင်းပျောက်ဖို့
အပြာရောင်ကြိုးတွေဖြတ်တောက်လိုက်ပါပြီ။

အရမ်းကြိုက်တယ်ရှင့်

commentinfo By: မေပျို at Dec 29, 2012
Comment #3

ငါ့ရဲ့ ကဗျာ့ရွာသူနှုတ်ခမ်းလေး…အဲ့လိုသုံးနှုန်းထားတာလေးက ဖတ်ရတာ ရင်ထဲတစ်မျိုးလေးပဲ…

commentinfo By: Yoon Thae Phyu at Jan 2, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment