ခရီးသည် (မင်းကိုချစ်တဲ့သူ)
မနက်ခင်းသစ် ရောက်တိုင်း
စီးဆင်းလာတဲ့ အလင်းတန်းတွေ
ဟောင်းနွမ်းနေတဲ့ ငါ့စိတ်တွေကို
ဘယ်တော့မှ ထိုးခွင်းနိုင်မှာလဲ…
အမှားအမှန် ပဓာနမထားပဲ
ဟန်ဆောင်နေကြခြင်းက ယဉ်ကျေးမှုလား
ပွင့်ပွင့်လင်းလင်းနေထိုင်ခြင်းက ရိုးသားခြင်းလား
ဒွိဟတွေကြားမှာ လုံးပါးပါးနေရပြီ…
ပျော်ရွင်ခြင်းတွေ ဆိတ်သုဉ်း
လိမ္မာတယ်ဆိုတဲ့ စကားလုံးက
လွပ်လပ်ခွင့် ရပိုင်ခွင့်တွေကို
သွယ်ဝိုက်စွာ ရိုက်ချိုးခံရခြင်းပါလား…
တိမ်တွေပြိုတော့ ကောင်းကင်ငိုတယ်
အလွမ်းတွေပြိုတော့ ငါငိုတယ်
ကောင်းကင်ကိုတော့ လလေးကနှစ်သိမ့်လို့
ငါကတော့ဒဏ်ရာတွေနဲ့ ဖြေသိမ့်ရစမြဲ…
ကံကြမ္မာကိုယုံလို့ တစ်ခါ ရှုံးခဲ့ဖူးတယ်
လူတွေကို ယုံတော့ အကြိမ်ကြိမ်ရှုံးရတယ်
ငါ့ကိုငါယုံတော့ လူကြားထဲ အရူးလုံးလုံးဖြစ်ရတယ်
ဘ၀ဆိုတာ ခြေနှစ်ချောင်းနဲ့လျှောက်ဖို့
အကြောင်းပြချက်တွေ လိုသလား????
ခဏဖြစ်ဖြစ် အနားပေးပါ
ငါလဲ ခေတ်မှီတဲ့လူတွေလို
ရောဂါတစ်ခုကို စုစောင်းပြီး
ငါ့ကိုငါစိတ်ပူကြည့်ချင်သေးတယ်…
တယောက်ကိုတယောက် အသနားခံဖို့
လူဖြစ်လာကြပါသလား???
တယောက်ကိုတယောက် အနိုင်ကျင့်ဖို့
လူဖြစ်လာကြပါသလား???
တယောက်ကိုတယောက် မုန်းတီးဖို့
လူဖြစ်လာကြပါသလား???
ပဟေဋ္ဌိဆန်တဲ့ ဘ၀မှာ
တစ်ခုခုကို ယုံယုံကြည်ကြည်နဲ့
တစ်ခါလောက်ဖြစ်ဖြစ်
ယုံပစ်လိုက်ချင်တယ် (သံသရ ရှင်းရှင်းနဲ့)…
အခုအချိန်မှာတော့…
မနက်ခင်းရောက်တိုင်း
ကော်ဖီခါးခါးတခွက်နဲ့
မနှစ်မျို့ခြင်းတွေကို
အံကြိတ်လို့
ဘ၀သင်ခန်းစာတွေကို သင်ယူနေဆဲပါပဲ….
Comment #2
ကော်ဖီခါးခါးတစ်ခွက်နှင့် …
တူတူပါပဲရှင်
Comment #3
နှစ်သက်မိပါ၏။။။ အားပေးနေလျှက်
btw HAPPY NEW YEAR ဗျ..ပျော်ရွှင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျှက်
Comment #1
really touching