သွေးအေးအေးနှင့်မချစ်တတ်သူတစ်ယောက်အကြောင်း
တော်ပါတော့ “…” ရယ်
မင်းကိုစချစ်မိကတည်းက
ဒဏ်ရာတံခါးကြီးစဖွင့်မိလိုက်သလိုပဲ
ငါ့အသည်းမှာလည်း
ဝေဒနာတွေ ဗရပွနဲ့ 
မရှုမလှကိုခံစားနေရတယ်…။
တစ်နေ့ နေ့ တော့ အဆုံးသတ်လိမ့်မယ်ဆိုတဲ့ စိတ်နဲ့ 
ကျန်နေတဲ့  ၀ဋ်ကြွေးတွေကို
ငါပေးဆပ်နေတာ
အခုတော့
ဝေးသည်ထက်ဝေးလာသလိုပဲ…။
ပြောစမ်းပါ မင်းရဲ့ ရူးကြောင်ကြောင်စကားတွေ
လုပ်စမ်းပါ မင်းရဲ့ ပေါကြောင်ကြောင်အကွက်တွေ
အဲ့ဒီအချက်တွေမှာပဲ ငါလွမ်းနေတာ…။
အဓိပတိအ၀ါမြင်တိုင်းလွမ်းတယ်
ဟုမ်းလမ်းရောက်တိုင်းလွမ်းတယ်
တနင်္ဂနွေရောက်တိုင်းလွမ်းတယ်
မိုးတွေရွာတိုင်းလွမ်းတယ
အဲ့ဒီအလွမ်းတွေနဲ့ ပဲ
ငါမရရှိခဲ့တဲ့ အနမ်းတွေကို…ကုစားနေတယ်။
မင်းသိမလား…?
မင်းအကြောင်း…
မေးမိတိုင်း အသည်းနာတယ်
မင်းအကြောင်း…
တွေးမိတိုင်း ဆဲချင်လာတယ်
မင်းမရှိပဲ အသက်ဘယ်လိုရှင်မလဲ…။
Comment #2
သွေးအေးအေးနှင့်မချစ်တတ်သူက…တော်တော် ဆိုးတယ်ဗျ။
ကဗျာလေးကတော့ ခံစားမှုအပြည့်ပါပဲဗျာ။….အယ်..
အဓိပတိအ၀ါမြင်တိုင်းလွမ်းတယ်
ဟုမ်းလမ်းရောက်တိုင်းလွမ်းတယ်
တနင်္ဂနွေရောက်တိုင်းလွမ်းတယ်
မိုးတွေရွာတိုင်းလွမ်းတယ်…ဟဲဟဲ…အဲဒီစာသားတွေပါတာက ဆွဲဆောင်မှုတစ်မျိုးဖြစ်နေတယ်ဗျ။
Comment #3
ကျေးဇူးတင်ပါတယ် အစ်ကိုတို့ 
ရင်တွင်းဖြစ်တွေပါ~~~~
Comment #4
ကောင်းတယ်
Comment #5
မဆဲချင်ပါနှင့်
မောင်လေးရေ
သူ့အကြောင်းတရားနှင့်သူရှိပါစေ
ကိုယ်ကျင့်တရားညစ်ပတ်ခံမှာလားလို့
ကိုယ့်ဘာသာ စိတ်ထားတတ်နေရင် ဆက်မလွမ်းနှင့်တော့နော်
Comment #6
😛
oh my god.
Kyauk sa yar Kaung de chit chit g par lar loh.
a hak,,,
a Hal,,,
Comment #7
I like both title & poem.
So cute.
so sweet.
Really cool.
😉
Comment #1
Bad Feeling but Good Writing ~
With respect,
RAY