ကဗျာမဟုတ်ပါ !! !
ဒါကဗျာတော့ မဟုတ်ဘူးဗျ. . ..
ကျွန်တော့စိတ်ထဲမှာ သိပ်ကိုမွန်းကြပ်နေလို့ ကဗျာညီအစ်ကိုမောင်နှမတွေကိုတိုင်ပင်တဲ့သဘောပါ…
ကျွန်တော်အလုပ်တစ်ခုလျှောက်ထားတယ်ဗျ ကျွန်တော်လျှောက်ထားတဲ့အလုပ်နဲ့ ကျွန်တော့ဝါသနာနဲ့က တစ်ခြားစီပါ ကျွန်တော်က Professional Dancer တစ်ယောက်ဖြစ်ချင်တယ် ဒါပေမယ့် မိသားစုက ကျွန်တော်ဝါသနာပါတဲ့အလုပ်ကို သိပ်မကြိုက်ချင်ဘူး ကျွန်တော်ဘာဆက်လုပ်သင့်လဲဗျာ ကျွန်တော်ဝါသနာပါတာကိုပဲ မဖြစ်ဖြစ်အောင်လုပ်သင့်လား ဒါမှမဟုတ် မိသားစုက သဘောကျတဲ့အလုပ်ကိုပဲ လုပ်သင့်လား ဒီမေးခွန်းကိုကျွန်တော်မဖြေနိုင်လို့ တိုင်ပင်နေတာတော့မဟုတ်ဘူး ကဗျာညီအစ်ကိုမောင်နှမတွေရဲ့ အကြံပေးချက်လေးကို နားထောင်ကြည့်ချင်လို့ပါ
လောကကြီးမှာ ဝါသနာက လုပ်သင့်တဲ့အလုပ်ထက်ပိုအရေးကြီးလား အဲ့ဒါလေးကို အရမ်းသိချင်တယ် ~~
။ ။ ။
(ဒီစာလေးကိုဖတ်ပေးတဲ့ ကဗျာညီအစ်ကိုမောင်နှမအားလုံးကို ကျေးဇူးအထူးတင်ပါတယ်)
လေးစားစွာဖြင့်
Ray
Comment #3
စကားတိတ်တိတ်လေးလာပြောသွားတဲ့ ကိုနိုးဆက်နေ့ကော တကူးတကအကြံပေးသွားတဲ့ကိုကျော်နိုင်လင်းကော အစ်ကိုတို့ညီအစ်ကိုနှစ်ယောက်စလုံးကို ကျေးဇူးအများကြီးတင်ပါတယ်
ကျွန်တော် Street Dance ကိုသေလောက်အောင်ဝါသနာပါတယ်ဗျ ဒါပေမယ့် ကျွန်တော်ဘာအလုပ်လုပ်သင့်တယ်ဆိုတာ သေသေချာချာစဉ်းစားပါဦးမယ် ~~
With respect,
RAY
Comment #4
အကောင်းဆုံးကတော့ မိမိယုံကြည်ချက်နဲ့ ပဲ လုပ်ပါအစ်ကို
ကိုယ်လုပ်မယ်ဆိုတဲ့ကိစ္စတစ်ခုကိုဆုံးဖြတ်ပြီးရင်ယုံကြည်ချက်ရှိရှိလုပ်ပါ
အောင်မြင်ရမယ်ဆိုတဲ့ စိတ်ထားပါ…
ဘယ်တော့မှနောက်ပြန်မလှည့်ပါနဲ့ ..
ကျွန်တော်အမြင်ကျွန်တော်စိတ်နဲ့ ပြောရမယ်ဆိုရင်တော့
မိမိယုံကြည်ချက်နဲ့လျှောက်ပါ…ခင်ဗျာ
ကဗျာလေးတော့ဆက်ရေးပါကဗျာဆိုတာကရင်ဖွင့်လို့ရတယ်ခင်ဗျာ
ကဗျာတွေကိုတော့မေ့မသွားပါနဲ့ `
Comment #6
ခုခေတ်အကြောင်းကတော့ သိတဲ့အတိုင်းပဲလေ
ကိုယ်ဝါသနာပါတဲ့ အလုပ်က ကိုယ့်ရဲ့စားဝတ်နေရေးအခြေအနေကို ကာမိလားဆိုတာ စဉ်းစားသင့်တယ်နော်
ကိုယ်ကိုယ်တိုင်ကတော့ အရမ်းဝါသနာပါနေပေမဲ့ မဖြစ်ချင်တာတွေကိုလည်း တစ်ခါတစ်လေ မျက်စိမှိတ်ရွေးချယ်လိုက်ရခဲ့ဖူးတယ်
ဒါပေမဲ့ လျှောက်ခဲ့တဲ့လမ်းကိုတော့ နောက်ပြန်မလှည့်ဘူးဆိုတဲ့စိတ်နှင့် ဆက်လျှောက်နေပါတယ်
အစ်မကိုယ်တွေ့အရဆိုရင်တော့ ကိုယ်ဖြစ်ချင်တာကအရေးပါတယ် .. သို့သော်လည်း
ကိုယ့်ရဲ့ ခိုင်မာတဲ့ပန်းတိုင်တစ်ခုကိုရောက် မရောက်
ကိုယ့်အသက်မွေးဝမ်းကျောင်းဟာ နောင်မှာအာမခံချက်ရှိမရှိဆိုတာကိုစဉ်းစားစေချင်တယ်နော်
ဖြစ်သင့်တာတွေကပိုရွေးချယ်သင့်လိုကို သင့်တယ်လို့ ဆိုကြတယ်လေ
ဖြစ်ချင်တာကတော့ ကိုယ့်ဘ၀အာမခံချက်အတွက် မထိခိုက်ဘူးဆိုရင် ဆက်လုပ်သင့်တယ်
ဖြစ်သင့်တာနှင့် ဖြစ်ချင်တာနှင့်ကိုလည်း တွဲပြီးလုပ်နေလည်းရပါတယ်
အချိန်လုံလောက်မှုရှိရင်ပေါ့ .. အရမ်းရှည်သွားပြီ နော်
ဘာဖြစ်ဖြစ် ကဗျာတွေကတော့ အမြဲရှင်သန်နေမှာမဟုတ်လား မောင်လေး
Comment #7
🙁
Comment #8
ကျွန်တော့ကို အခုလို ညီအစ်ကိုမောင်နှမအများကြီးက အကြံဥာဏ်တွေပေးကြလိမ့်မယ်လို့ လုံးဝမထင်ထားဘူး တကယ်ဝမ်းသာတယ်ဗျာ
ကျွန်တော် အလုပ်လျှောက်ထားတဲ့အလုပ်ကိုလုပ်သင့်သလား ဝါသနာပါတဲ့အလုပ်ကိုလုပ်သင့်သလားဆိုတာ စဉ်းစားနေဆဲပါ
ကဗျာတွေကိုဘာလို့မေ့ရမှာလဲ ကိုloafer ရဲ့
ကျွန်တော်ကဗျာတွေကို မေ့ရိုးထုံးစံမရှိပါဘူး ကဗျာရေးဖို့ကိုသတိရသလို ကဗျာဖတ်ဖို့ကိုလည်းသတိရပါတယ်
ကျွန်တော်ဒီရက်ပိုင်း သိပ်မအားတာနဲ့ အွန်လိုင်းမလာဖြစ်တာပါ
ကျွန်တော်အစ်ကိုတို့ အစ်မတို့ကို ချက်ချင်းစာမပြန်ဖြစ်တာတောင်းပန်ပါတယ်
အကြံဥာဏ်ပေးသွားတဲ့ အားပေးသွားတဲ့ ကိုloafer ၊ ကိုသက်မျိုးမင်း ၊ မမေပျို ၊ မအိလေး တို့ကို ကျေးဇူးအများကြီးတင်ပါတယ် ~~
With respect,
RAY
Comment #9
Ray,i hope u will write poem again. 🙂
respect,
Loafer
Comment #1
Dancer မလုပ်နဲ့ကွာ ဖြစ်နိုင်ရင်မင်းသားပဲလုပ်..
Dancer တွေခမျာ ကြိုးစားပန်းစားကလိုက်ရတာ ဒါရိုက်တာတွေက သူတို့မျက်နှာလေးထင်ရှားအောင်တောင်ရိုက်မပြကြဘူး..ဟုတ်ဘူးလား..