Professional Authors

ငါ မလိုချင်တဲ့ ဘ၀ ငါ မုန်းနေတဲ့ ဘ၀ ငါ စွန့်ခွာချင်နေတဲ့ ဘဝ

ငါ မှားခဲ့မိတယ်…..
လွန်ဆန်မရတဲ့ စိတ်ခံစားမှုတွေကြား…..
သ၀န်တိုမှုနဲ့ နောင်တတွေကို…..
ဘယ်ညာ ဘက်လိုက်နေမိတယ်…..

တစ်ခါတစ်လေပေါ့…..
ငိုနေပေမဲ့ မျက်ရည်မကျတဲ့သူတွေ…..
ငါ တွေ့ခဲ့ဖူးတယ်…..
သူတို့ဟန်ဆောင်နေကြတာလား…..

တစ်ခါတစ်လေ…..
မျက်ရည်တွေကျနေပေမဲ့…..
ငိုနေတာမဟုတ်တဲ့သူတွေ…..
ငါ တွေ့ခဲ့ဖူးတယ်…..
သူတို့ ပျော်နေလို့လား…..

ငါက…..
ငိုနေပေမဲ့ ပြုံးနေတက်တဲ့…..
အငိုမျက်လုံး နဲ့ အပြုံးမျက်နှာပိုင်ရှင်  မဟုတ်ပါဖူး…..
အဲ့လောက် ဟန်ဆောင်နိုင်ဖို့လဲ…..
ငါ့အသည်းက…..
သံမဏိလောင်းထားတဲ့…..
ကျောက်ခဲတုံး မဟုတ်ဖူး…..

ငါ ကဗျာတွေဖတ်တယ်…..
ငါ ကဗျာတွေရေးတယ်…..
ငါ ဖတ်ခဲ့တဲ့ကဗျာတွေ…..
ဆရာဇော်ဂျီ ဖတ်တာထက် များချင်မှများမယ်…..
ငါရေးခဲ့တဲ့ ကဗျာတွေ…..
ဆရာ မောင်လွမ်း ရေးတာလောက်…..
ကောင်းချင်မှကောင်းနေမယ်…..
ဒါပေမဲ့ ယှဉ်လို့မရဖူး…..
ငါ့ကဗျာတွေက…..
ငါ့ခံစားချက်တွေမို့ပါ…..

လူတိုင်းက မွေးဖွားကတည်းက ဒုက္ခကို ရင်ဝယ်ပိုက်လာခဲ့တယ်…..
ငိုကြွေးခြင်းနဲ့ လူ့လောက ကို အစပြု့လာခဲ့တယ်…..
နေထိုင်ရတဲ့ ခဏတာ အချိန်လေးမှာ…..
ကံကြမ္မာ လွန်ဆွဲရာနောက်ကို…..
မျက်စိမှိတ်ပြီး ဒရွတ်တိုက်လိုက်နေကြတယ်…..
ဒါဘာ့ကြောင့်လဲ…..

ခေတ်တွေ… နှစ်တွေ…..
တစ်ခေတ်ပီး တစ်ခေတ်…..
တစ်နှစ်ပြီး တစ်နှစ်…..
ပြောင်းကြစမ်း…..
လူတွေက တော့ ပုံမှန်အတိုင်းပဲ…..
လေသာရာ ပျော်နေကြမှာပဲ…..

ငါရှင်သန်နေတဲ့ ကမ္ဘာ…..
ငါနေထိုင်နေတဲ့ လူ့အသိုင်းအ၀ိုင်း…..
ငါ မွေးဖွားခဲ့တဲ့ မိသားစု…..
ငါ လက်တွဲနေတဲ့ ကြင်နာသူ…..
အကုန်လုံးက ငါ နဲ့ မတူနိုင်ဖူး…..
သူတို့လဲ သူတို့ စိတ်နဲ့သူတို့…..
လေသာရာ မှာ ပျော်ချင်ရှာမှာပေါ့…..
ငါ အပြစ်မဆိုဖူး…..

ကြင်နာမှုမရှိတဲ့ လူ့ဘ၀…..
ပျော်ရွှင်မှုဆိုတာ ရှိနိုင်လား…..
လူတစ်ဖက်သား ကို…..
ခပ်နာနာလေး ညှင်းဆဲရမှ…..
ပျော်နေတဲ့သူတွေကော…..
အဲ့တာ….. ပျော်ရွှင်မှုတွေလား…..

ဘ၀ ဆိုတာ ဘာလဲ…..
ငါ နားမလည်နိုင်တော့ဖူး…..
သာရင်ပေါင်း…..
မကောင်းတော့ ခွာ…..
ဒီလို လူ့အောက်တန်းစားတွေ…..
ကို့ဘက်က ကောင်းပေမဲ့…..
အပေါင်းအသင်းမဲ့နေတဲ့…..
သနားစရာ သတ္တ၀ါတွေ…..
မိဘကချမ်းသာပေမဲ့…..
ဆင်းရဲနေတဲ့သားသမီးတွေ…..
ဘာတွေလဲ…..
အဲ့တာဘာတွေလဲ…..

လူ့ဘ၀ကို ငါ လှောင်ချင်တယ်…..
အဲ့အတွက် ငါ ပေးဆပ်လိုက်ရတာလဲ အရမ်းကြီးတယ်…..
လူတိုင်းက ငါ့ကို လူ့ဂွစာ ပြောမယ်…..
ဖြစ်ပါတယ်…..
ငါ ပြောချင်တာ ငါ ပြောနိုင်ခဲ့ပြီပဲ…..
ဒီ့အတွက် ငါ ကျေနပ်တယ်…..

ဘ၀ဆိုတာ…..
ငါထင်သလို ၀လုံးကြီးလဲ မဟုတ်ဖူး…..
လေးထောင့်တုံးကြီးလဲမဟုတ်ဖူး…..
ဘာမှန်းအသေအချာမသိရတဲ့…..
မရေမရာမှုတွေနဲ့ဖွဲ့စည်းထားတဲ့…..
သုံးစားမရတဲ့ မစင်ပုံကြီး ပဲ…..
အခုထိတော့
…..
ငါ တက်ထိုင်နေဆဲ ဖြစ်တဲ့…..
ခပ်နွမ်းနွမ်း မစင်ပုံကြီးပဲ…..

                                  ငါ…………………….

              ငါ့…..ဘ၀ ကို

မုန်းတယ်…..

In: ကဗျာ Posted By: Date: Jan 8, 2013
Comment #1

nope,,
u r not the only one,
everyone face difficulties,
don’t feel nervous,
we r same.

commentinfo By: ei lay at Jan 8, 2013
Comment #2

ဒီကဗျာကို ဖတ်ပီးတော့မှပဲ ငါ တစ်ယောက်ထဲ မဟုတ်ပါလားဆိုတာ သိခဲ့ရတယ်…
ကျေးဇူးအရမ်းတင်ပါတယ် Meaningless ရယ်..
ခံစားအားပေးသွားပါတယ်

commentinfo By: ကိုစိုင်း at Jan 8, 2013
Comment #3

ရှင်သန်နေတဲ့ ကမ္ဘာ…..
ငါနေထိုင်နေတဲ့ လူ့အသိုင်းအ၀ိုင်း…..
ငါ မွေးဖွားခဲ့တဲ့ မိသားစု…..
ငါ လက်တွဲနေတဲ့ ကြင်နာသူ…..
အကုန်လုံးက ငါ နဲ့ မတူနိုင်ဖူး…..
သူတို့လဲ သူတို့ စိတ်နဲ့သူတို့…..
လေသာရာ မှာ ပျော်ချင်ရှာမှာပေါ့…..
ငါ အပြစ်မဆိုဖူး…..

commentinfo By: meso at Jan 13, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment