ထားခဲ့ပါ
မချစ်လို့ … သွား
အပြစ်ဖို့ စကား
မပြောကြားပါ။
အိပ်မရလည်း
စိတ်မချစကား
မပြောကြားပါ။
မကြင်လို့ .. ပစ်
ရင်ဆို့နစ်မွန်း
အလွမ်းကျွန်းမှာ ..
နွမ်းနယ်တမ်းတ
ဘ၀နွေဆိုး ၊ အိပ်မက်မျိုးထဲ
နေရဲပါတယ် ။
မနေရဲလည်း
ကြေကွဲ ခွဲခွါ ၊ ရင်ခွင်နာနင့်
ရဲရဲရင့်ရင့် စွန့်ခဲ့ပါ ။
ပြန်တော့မလား
မာန်လျှော့အားငယ်
ညဥ့်နက်နယ်ထဲ ၊ အမှောင်ထဲမှာ …၊
တစ်ယောက်တည်းသာ ၊ နေ၀ံ့ပါတယ်
မညှာတာရင်
ထားခဲ့ပါ …. ။ ။
Comment #2
ဆရာကဗျာတွေကိုတော့ အမြဲတိုင်းကြိုက်ပါတယ်…
ဆရာမောင်လှမျိုးရဲ့အမာခံပရိသတ်ပါ။
Comment #3
ပြန်တော့မလား
မာန်လျှော့အားငယ်
ညဥ့်နက်နယ်ထဲ ၊ အမှောင်ထဲမှာ …၊
တစ်ယောက်တည်းသာ ၊ နေ၀ံ့ပါတယ်
မညှာတာရင်
ထားခဲ့ပါ …. ။ ။
မိုက်တယ်ဗျာ…ဆရာမောင်လှမျိုးရဲ့ ကဗျာတွေ မဖတ်ဖူးသေးဘူး… ကျေးဇူး
Comment #4
ကျေးဇူးတင်ပါတယ် ရှင့်
ဒီလိုကဗျာလေးတွေဖတ်ခွင့်ရလို့ပါ
Comment #5
အရမ်းကြိုက်တယ်..ဗျာ………
Comment #6
အရမ်းကြိုက်ပါတယ်။
Comment #7
အရမ်းကောင်းတဲ့ကဗျာလေးပါအမြဲငါပေးနေပါတယ်ဗျာ
Comment #1
ပြန်တော့မလား
မာန်လျှော့အားငယ်
ညဥ့်နက်နယ်ထဲ ၊ အမှောင်ထဲမှာ …၊
တစ်ယောက်တည်းသာ ၊ နေ၀ံ့ပါတယ်
မညှာတာရင်
ထားခဲ့ပါ …. ။ ။
ဆရာမောင်လှမျိုးရဲ့ ထာဝရ ပရိတ်သတ်ပါ