သူငယ်ချင်းထံပေးစာ(ဟုမ္မလင်းမြီု့မှချစ်ရတဲ့ ရှမ်း၊ချင်း၊နာဂ သူငယ်ချင်းများ)-ကဗျာချစ်သူ(ဘုတလင်)
ဆန်းဆန်းပြားပြားမဟုတ်ဘဲ
ရိုးရိုးလေးဘဲချစ်
နှစ်နှစ်ကာကာဖြစ်ခဲ့ရပြီး
ရင်ထဲစွဲလောက်အောင်
ခင်မင်ရတဲ့သူငယ်ချင်းများ …
အမြဲတန်းမဟုတ်ပေမဲ့
အမြဲတန်းလိုပဲသတိယနေမိတယ်…
တစ်ခါတစ်လေကျတော့
တို့တက်ခဲ့တဲ့ကျောင်းတော်ကြီးကိုပေါ့
ပြီးတော့ တို့လျောက်ခဲ့တဲ့လမ်းလေးတွေ…
အခုတော့အရာရာပြောင်းလဲနေမှာပဲ
မပြောင်းလဲတာကတော့
တို့ရင်ထဲက ခင်မင်ရတဲ့သံယောဇဉ်…
ဟိုအရင် ကျောင်းတက်စဉ်က
ပြာလဲ့လဲ့တောင်တန်းကြီးတွေကြည့်ပြီး
ဘယ်ကိုမှန်းမသိ လွမ်းဆွေးမိခဲ့တယ်..
အခုတော့
အဲဒီပြာလဲ့လဲ့တောင်တန်းကြီးတွေကို
ပြန်ပြီးသတိယမိတယ်…
ညနေပိုင်းမှာမြူတွေနဲ့ဆိုင်းနေတဲ့
တောင်တန်းကြီးတွေပေါ့..
သူငယ်ချင်းရေ…
ငါတို့ တွေ့ဆုံစဉ်က ဘာမှမဟုတ်သလိုလိုနဲ့
ခွဲခွါသွားမှပဲ
ရယ်ရယ်မောမော ပျော်ခဲ့ရတဲ့ရက်ကလေးတွေကို
တမ်းတမိတယ်..
မင်းတို့တစ်တွေလဲ
အလုပ်အကိုင်တွေကိုယ်စီရှိရောပေါ့
တစ်ခါတစ်လေတွေးမိတာက
သူငယ်ချင်းတွေရယ် ဆရာ၊ဆရာမတွေရယ်
စုံစုံလင်လင်မှ ရှိသေးရဲ့လားလို့
နေ့မြင်ညပျောက်ဆိုသလို
သင်္ခါရသဘောတရားတွေကလဲရှိသေးတာကိုး
တာဝန်ကိုယ်စီနဲ့
တစ်လမ်းစီသွာခဲ့ရပေမယ့်
မင်းတို့တစ်တွေကတော့
ငါ့ရင်ထဲမှာထာဝရရှိနေအုံးမှာပါ….။
Comment #1
ကမ္ဘာကြီးက ရွာကြီးတစ်ရွာတဲ့
ငါ့သူငယ်ချင်းတွေကတော့
ရွာကြီးထဲမှာမရောက်သေးဘူးထင်ပါတယ်။