အီလူရှင်နစ်ဇင်… တစ်ယောက်၏ … ဆိုက်ကိုဖောက်ခြင်း သင်ခန်းစာ များ – နိုးဆက် နေ့
Chapter (I) – The Steps of Value 2×10^14 Billions
ပုံပြင်အစတွင်
သူမ ဆိုသော သူမ သည် (The She Called She)
ကုဋေ နှစ်သန်းတန်ခြေလှမ်းများ ဖြင့် လမ်းလျောက်ပါသည်..
(တစ်ဖက်ကို တစ်လှမ်းနှုန်းဖြင့် နှစ်ဖက်လှမ်းသော် ကုဋေ နှစ်သန်းတန်ပါသည်..)
Chapter (II) – The Redundant Tooth
သူမ၏ ဘယ်ဘက်ခြမ်းမှ သွားတက် ချွန်ချွန်သည်
ဘီလူး တစ်ကောင်၏ အစွယ်ငေါငေါဟု
ထိုသော အခါတွင် မည်သူမှ ယုံကြည်ခြင်းမရှိကြ..သေးချေ..။ (Whoever)
Chapter (III) – The Two Mesmeric Eyes
ထို့ကြောင့်ပင်
မျက်ကန်းတစ်ယောက်၏ အိပ်မက်ထဲသို့
သူမ အညှို့မျက်ဝန်းတို့ ကမ်းကပ်ခဲ့…သောဟူ၏..
ထို နံနက်တွင်
ရင်ခုန်သံများ တော်လဲခြင်း ရှိခဲ့သည်..။
Chapter (IV) – The Foolish Theory
ဖန်ဆင်းရှင်သည်
ပန်းသီးကိုဖန်ဆင်းခဲ့သော်ငြား
အဆိပ်ကိုထုတ်ပယ်ရန် မစွမ်းသာခဲ့ပါ….
ထိုသို့ဖြင့်..
နောက်ပြန်မဆုတ်သော မိုက်ရူးရဲသီအိုရီသည်..
နောင်အခါ..
လူများ လိုက်နာကျင့်သုံးလာကြခြင်းဖြစ်မည်…။
Chapter (V) – The Color-Blind
သူမ နှုတ်ခမ်းများသည် ချွန်မြ၏..
ထို့ကြောင့်ပင်
ယောင်္ကျား တန်ခွန် လူရည်ချွန်သည်
အဆိပ်မွှန်ခဲ့ပြီ ဟု အတိအလင်းကျေငြာ၏..
မျက်ကန်းသည်..အရောင်တို့ပါ ကန်းသွားလေပြီ…။
Chapter (VI) – The “ SHE ’’
သူမ၏ သွားတက်သည်
ခေတ်သစ် လူသတ်လက်နက်ဖြစ်သည်..ဟု
သိပ္ပံပညာရှင်များ
သူ့ရုပ်အလောင်းရှေ့တွင် မှတ်ချက်ရေးလိုက်၏..
သူမသည်ပင်
ရင်ခွင်ဖျက် အင်းဆက်တစ်ကောင်ဟုလည်း
အထပ်ထပ် ရေးထိုးလိုက်ကြပြီ ဟု ပြန်လည်ကြားရလေ၏..
Chapter (VII) – The Era
သို့ဖြင့်..
ကာလတစ်ခုလွန်သော ၂၁ ရာစု၌
ပုံပြင်ထဲက သူမသည် မိသံလွင်ဖြစ်၍
ပုံပြင်ထဲက မျက်ကန်းသည် ကျွန်တော်ဖြစ်လာပါသည်…
Chapter (VIII) – The Non-egocentric
သူမ၏ သွားတက်ကလေး ကို ကျွန်တော်ချစ်သည်…။
ထို့ကြောင့်
ခေတ်သစ်ပညာရှင်များက ကျွန်တော့ကိုစောင့်ကြည့်နေကြခြင်းဖြစ်သည်..
မှတ်ချက်စာရွက်များတွင် လည်း
ကျွန်တော့နာမည်ကို ကြိုတင်ရေးထားခဲ့ပြီ ဟူ၏..။
Chapter (IX) – The Relativity
ထိုသို့ဖြင့်
ကိုယ့်ကိုယ်ကို မင်းသားကြီးဟုထင်မှတ်မှားခဲ့သော
ကျွန်တော်..သူမနှင့် ရီလေတီဗတီ ဇာတ်ကားကြီးကို
ယခုအခါ ရုံတင်ပြသလိုက်ပါပြီ….။
Chapter (X) – The Reality
မည်သို့ပင်ဆိုစေကာမူ.. (Nevertheless)
ထုံးစံအတိုင်း…..
ဇာတ်ကွက်တိုင်းတွင်
ကျွန်တော်ပင် ရှုံးပါလိမ့်ဦးမည်……..။။။
နိုးဆက် နေ့
Comment #2
Hna lone tarr hnit khan sarr arr pay twar par de shint.
Comment #3
အရေးအသားလေးတွေ မိုက်လိုက်တာနော်…. လှတာမဟုတ်ဘူး…မိုက်တာ.။ ရှုထောင့်တွေကို သဘောကျတာနဲ့တင် တန်သွားရတဲ့ ကဗျာကောင်းလေးပါဘဲ
ဒါပေမဲ့ နိဂုံးနားမှာ တစ်မျိုးဖြစ်သွားသလိုဘဲ။။ အဆုံးသတ်ကလေးကပြန်ထိန်းသွားတယ်ထင်တယ်..
Comment #4
တကယ်တော့ ဒီကဗျာမျိုး ကျွန်တော်မရေးဖူးဘူးဗျ… ဒါပေမဲ့ သဘောကျလို့ တခြားကဗျာဆရာတွှေဆီကနေ စုတုပြု ထားတာပါဗျာ.. ပထမဆုံးစမ်းသပ်တဲ့ကဗျာမို့ ကိုယ့်ကိုယ်ကို မယုံကြည်သေးတာတော့ အမှန်ပါ.. ဒါပေမဲ့ အားပေးသွားကြတဲ့အတွက်တော့ နဲနဲမကပါဘူး ကျေနပ်သွားတယ်ဗျ..ဟဲဟဲ အားလုံးကိုကျေးဇူးပါ..
..ရင်ဝှက်ပန်း ဆိုတာ မိန်းကလေးဖြစ်မယ်ထင်တယ်..
ဟုတ်တယ်နော်.. အမရေ.. နိဂုံးနားမှာတစ်မျိုးကြီးဖြစ်သွားလို့ ဖတ်ပြီးတော့ တစ်မျိုးကြီးဖြစ်မသွားပါနဲ့ဦးဗျာ.. (တောင်းဆိုတာပါ) ဘာဘဲဖြစ်ဖြစ် အဲလိုလေးပြောခဲ့တော့ ကျွန်တော့လိုအပ်ချက်ကို သိရတာပေါ့..။ ကျေးဇူးဗျာ..
နောက်များလဲ ဆက်လက် အားပေးပါ..
လေးစားလျက်
နိုးဆက် နေ့
Comment #5
မိုက်တယ်။ ကဗျာမပြောနဲ့ ခေါင်းစဉ်တောင် မနည်းဖတ်ရတယ်.. ဟီး
Comment #1
တကယ်နှစ်သက်မိသော အရေးအသားပဲဗျ… ဒီတပုဒ် ကျွန်တော် သိပ်ကြိုက်…