ပြုံးရဦးမယ်
မသွားစေချင်ပေမယ့်
တားမနေသာဘူးလေ ….
မတားသာလို့
“သွားပါ“ လို့ ခွင့်လွတ်ပေးခဲ့တာ
(စကားအရာနဲ့)
တအား ချာ တယ်လို့ ဆိုရင်
မှားမိသူက ကိုယ်ရယ်ကွယ် ….
မှားမိသူမို့
တအားမချိအောင် ပူလည်း
စကားအထိအမိတွေနဲ့
ထိပ်ထားမရိပ်သိအောင်
ငိုနေခဲ့တယ် …
ငိုနေသူ
ဟန်ဆောင်ပြုံးထဲ
ကြည်ရွှင် ”သူ” ရယ်ကာမောစေဖို့
ဒီရင်အပူ ကွယ်ကာဝှက်ပါလို့
ကိုယ် ပြုံးရဦးမယ်။ ။
LTN
Comment #2
အားပေးသွားပါ၏

Comment #4
ငိုနေသူ
ဟန်ဆောင်ပြုံးထဲ
ကြည်ရွှင် ”သူ” ရယ်ကာမောစေဖို့
ဒီရင်အပူ ကွယ်ကာဝှက်ပါလို့
ကိုယ် ပြုံးရဦးမယ်။ ။
လှပါပေတယ်စာသားလေ…ကြိုးစားပါ အားပေးနေပါတယ်…။

Comment #5
အဟား ကဗျာက ကာရန်နံဘေလေးနဲ့ သိပ်ကိုလှတယ်ဗျ
ဖတ်သွားပါတယ် ~~
With respect,
RAY

Comment #7
Ma NGO ya bu naw.

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Smile