ပန်းလေးနှင့် အငြိုးရှင်
ပွင့်ဖတ်ကိုခွာ
အညှာကိုချိုး
အရိုးကိုချေ
ဆွတ်ခြွေကာချ
မြေခရလဲ
မရပ်စဲပဲ
ကဲလို့သာလျှင်
ဖဝါးပြင်ဖြင့်
ရင်နင့်အောင်သာ
နင်းချေပါ၏
လွန်တရာသာ
နာကျင်ပါလဲ
ပြုံးမြဲလျက်သာ
မမုန်းပါသည်
ဤမှာမှန်စွ
ပန်းဘဝပင်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
🙂