ကဗျာရယ် ငါရယ် နိဂုံးရယ်
(အတိတ်)
ဥပေက္ခာဝါဒီ ရဲ့ အစမ်းသပ်ခံ…
မျက်ရည်လက်ကျန် ရဲ့ ပါရမီဖြည့်ဖက်..
သက်ပြင်းလောင်းသံတွေရဲ့ အဖြည့်ခံ..
မနက်ဖြန်တွေကို လစ်လျူရှု..
ပစ္စုပ္ပန်ကို မထုဆစ်သူ….။
အတိတ်ကို အသက်သွင်း…
မိမိကိုယ်ကိုယ် နှိပ်စက်ခြင်းဖြင့်
ကဗျာများကို မွန်းမံ….
အသည်းကို အဖန်ဖန်ခွဲ….
နေစိမ့်ခဲ့…..။
ဆူးကို ကြောက်ရွံ့ ရင်း..
နှင်းဆီကို ပုံ ချစ်..
သွေးကြောတွေ တဆစ်ဆစ်ကိုက်ခဲ..
မိုက်မဲစွာ ဆက်တိုး
အက်ကိုး (echo) တွေတိုင်းဟာ ကျိန်စာ..
မလိမ္မာစွာ ငုံ့ခံ
ကိုယ့်ရစ်သမ် နဲ့ ပြန်သေဆုံး….။
ကဗျာကို ဖက်တွယ်..
အသက်ငယ်ငယ် နဲ့ ကျရှုံး…
အမုန်းမျက်ဝန်းတွေကြား
နောက်ကျောနဲ့ဓါး တစ်သားတည်း..
အံကြိတ် တိတ်ဆိတ်..
စကားသံတိတ်ခဲ့ရ..။
(ကံကြမ္မာဓါးသွေးဖို့အတွက်
ငါ့ နှလုံးသားကိုမှ တောင်းရက်တာ
ရင်….နာ….တယ်….။)
(ပစ္စုပ္ပန်)
ရင်……နာ…..တယ် ဆိုတာ
မရင်းတဲ့ အနာ
မကျက်တဲ့ ဒဏ်ရာ..
ငါ….ဆိုတာ…..
ငါ…ယဇ်ကောင်..
ငါ..အမြစ်ဟောင်းလောင်းသစ်ပင်..
ငါ…. …..။
တစ်စုံတစ်ယောက်..
တက်နင်းခြေမွ…
တစ်ခဏစာ ပြန်မကြည့်…
စကားလုံး ဟာမိုနီမှာ..
ငါ၏ နာကျင်မှုများ..သာဖြစ်တော့၏…
………………………..
နိဂုံး ရောက်လုပြီ…။
(အနာဂါတ်)
ထိုသို့ဖြင့်
နာကျင်ခြင်းတစ်ခေတ်..လွန်သော်..
ငါ့ကဗျာအား ငါ မော်ကြွားစွာ ကြည့်တတ်ပေလိမ့်မည်…။
နိုးဆက် နေ့
Comment #2
အားပေးသွားပါတယ် အစ်ကို~~~~
(ကံကြမ္မာဓါးသွေးဖို့အတွက်
ငါ့ နှလုံးသားကိုမှ တောင်းရက်တာ
ရင်….နာ….တယ်….။)
Comment #3
အားပေးသွားပါတယ်ဗျာ
Comment #1
ရင်……နာ…..တယ် ဆိုတာ
မရင်းတဲ့ အနာ
မကျက်တဲ့ ဒဏ်ရာ..