လက်တကမ်းပါ..
မျက်ရည်လွယ်တယ်လို့
မပြောပါနဲ့ဟာ
နင်နဲ့သာ ဝေးရမယ်ဆိုရင်
တွေးမိတာနဲ့တင်….၀မ်းနည်းမှူတွေနဲ့ 
မြစ်ဖျားခံလာလို့ပါ
အစွဲလန်းကြီးတယ်လို့
မဆိုပါနဲ့ဟာ
ငါနင့်ကို စချစ်ကထဲက
မေ့ပစ်ဖို့မှ မဟုတ်တာကို
မဖြစ်နိုင်ဘူးလို့
ဘယ်တော့မှ မထင်ပါနဲ့ဟာ
အချစ်ဆိုတဲ့ ဆန္ဒတစ်ခု ရှိနေရုံနဲ့
နင်နဲ့ငါ့ကြား
မိုင်ပေါင်း ကုဋေဝေးနေအုံးတော့
ဆုံဆည်းခွင့်ဆိုတာ
လက်တကမ်းမှာ…ရှိနေမှာပါ
ချစ်တဲ့သူ……..
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
million thx
billion thx
trillion thx
plx let me copy