အိမ်မက်တဲ့…ဗျာ
ကျောင်းခန်းထဲမှာ သူ့ ကိုငေး
ချစ်စရာကောင်းတဲ့ (မျက်မှန်လေးနဲ့ )
ဆရာမလေး…။
ကျောင်းပြင်ပမှာ သူမဟာ
Queen Of The Beauty ပါ…။
ကိုယ့်ရင်ထဲမှာ တံဆိပ်ကပ်
January 14 ရက်…။
အိမ်မက်ထဲမှာ စိုးမိုးတာ
အိမ်မက်ရဲ့ သမီးပျိုပါ…။
ဝါးတားတားနဲ့  သူမအနား
သူမပါး
မျက်စိတစ်မှိတ်အတွင်း နမ်းလိုက်မိလေသလား…။
စိတ်မဆိုးပါနဲ့ ချစ်သူရာ
ချစ်လို့ စတာပါ…။
အိမ်မက်နတ်သမီးထွက်ပြေးပြီ
နိုးဖို့ အချိန်ရောက်ပြီ
“မင်္ဂလာပါ မနက်ခင်း”
ရေသောက်ရင်း နှုတ်ခမ်းစမ်းမိလေခြင်း…။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
🙂