တမ်းချင်း
သတိရတယ်ဆို တဲ့  နင့် ကိုတမ်းတချင်းစိတ်ရိုင်းတို့ သည်
ငါ့ ရင်ခွင်အားနှိပ်စက် ရက်စက်အခံခက်လှပါ၏
ဖြေသိမ့်စရာစကားလုံးတို့ ပျောက်ဆုံးနေသောနှလုံးသားဖြင့် 
ကျှ်ဆုတေင်းမျိုးကို
တောင်းသင့် မတောင်းသင့် ဝေဖန်ထောင်ချင့် မှု့ အလျင်းမရှိပဲ
ငါဆုတောင်းမိလိုက်တယ်
ဘ၀ဆက်တိုင်း……………………..ဖြစ်ရပါစေသား
မျက်ဝန်းတစ်စုံသည်
မိုးတွင်းပမာ ဆင်းသက်လာကြကုန်၏
နှလုံးအိမ်သည်
နွေလယ်နေ့ ခင်း နေဆယ်စင်းအလျံတို့ ဖြင်.တောက်ပကုန်၏
ငါ့ ဝန်းကျင်တွင် မြူတွေဆိုင်းနေပြီတကား
ငါ၏ မီးတိုင်ငယ်ပျောက်ဆုံးခဲ့လေပြီတကား
အလွမ်းများဖြင့် Aryone Oo 4:45 Am(28.2.2013)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
hna lone tarr hnit phat shu twar par de