တိတ်တခိုး ၀န်ခံချက်
မင်းနဲ့တွေ့တိုင်း
ဒိန်းခနဲမြည်တတ်တဲ့
ရင်ခုန်သံ
ဖျတ်ခနဲ ပွင့်သွားတတ်တဲ့
ငါ့ရဲ့အသည်းတံခါး
မင်းမသိအောင်
တိတ်တိတ်ပြန်ပိတ်
ငါ့နှလုံးသားကို
အတင်းပြန်အိပ်ခိုင်းလိုတယ်
ချစ်ခြင်းကို ၀န်ခံဖို့
ငါ့ရဲ့သတ္တိတွေက
ဘာကြောင့်မှန်းမသိအောင်
ထိတ်လန့်မှုနှင့်အတူ
ပျောက်ဆုံးနေပါရဲ့ကွယ်….
Comment #2
ခုထိ ရင်ခုန်သံမမှန်တဲ့ စီးချက်တွေနဲ့ ချစ်ခြင်းကို ၀န်ခံဖို့ ဆွံ့အနေဆဲပါပဲ။
By: မနောဖြူလေး at Jun 24, 2010
Comment #4
:'(
:'(
:$
By: ei lay at Jul 28, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ပြောမှသိ ထိမှနာဆိုတဲ့စာသား
သည်စကားက အချစ်မှာအကြုံးမ၀င်ဘူး။
ဒိန်းကနဲမြည်သွားတဲ့မင်းရင်ခုန်သံငါကို့လာမှန်ပါတယ်။
ဖျတ်ကနဲဖြစ်သွားတဲ့မင်းရင်လွှာတံခါး ငါ့အသည်းနားကိုရောက်လာတတ်ပါတယ်။
လက်ကနဲဖြစ်သွားမင်းအကြည့်တချက် ငါ့အတွက်လုံလောက်တဲ့အဖြေတွေပါပါတယ်။
ပြောမှသိ ထိမှနာဆိုတဲ့စာသား
သည်စကားက အချစ်မှာအကြုံးမ၀င်ဘူး။