အမေ့မွေးနေ့ (မနော်ဟရီ)
မာရသွန်ညများစွာကိုကျော်ဖြတ်
မရပ်မနားသွားနေခဲ့
ကြယ်တာရာများ..ရဲ့..အမေ.။
ရာဇ၀င်များစွာကိုထုဆစ်
ခေတ်များစွာကိုကျော်လွှားလာခဲ့
ခြင်္သေ့..တွေရဲ့..အမေ..။
ကျောက်အုတ်များစွာတည်ဖြစ်
ကဏ္ဍသစ်များစွာဖြစ်စေနိုင်ခဲ့
အုတ်ချပ်..များစွာတို့ရဲ့..အမေ..။
ပန်းများစွာကိုမွှေးပျံ့စေရင်း
ဥယျာဉ်ပန်းခင်းများစွာဖြစ်စေခဲ့
ပန်းများစွာတို့ရဲ့ ..အမေ..။
အိပ်မက်များစွာကိုပေးအပ်
အကန့်အသတ်မဲ့ပျော်ရွှင်စေခဲ့
သက္ကရာဇ်ခြေရာတို့ရဲ့အမေ..။
လှိုင်းကြမ်းညများစွာကိုတင်းခံ
မာန်..ဆိုတာကိုပေးဝေခဲ့
ခရမ်းပြာ..တို့ရဲ့..အမေ..။
ယုံကြည်မှုတွေအပ်နှင်း
ရဲရင့်ခြင်းတွေပေးဝေ
သူရဲကောင်း..တို့ရဲ့..အမေ..။
အမေ..
အမေ..
အမေ..
မြင်နေရလား
ဟိုရှေ့နားမှာ
တရွေ့ရွေ့လာနေတဲ့အချိန်
စိန်ရတု..တဲ့
ထုဆစ်ခဲ့မှုသရုပ်
ဖန်တီးထုတ်လုပ်မရ
ဒီဇင်ဘာ (၁)ရက်
၁၉၉၅ခုနှစ်
အဲဒါ..
အမေ့ရာပြည့်အကြိုမွေးနေ့
စိန်ရတုနေ့လေ.။ ။
မနော်ဟရီ
(၁၉၉၅ ရန်ကုန်တက္ကသိုလ်နှစ်လည်မဂ္ဂဇင်း)
Credit:: http://www.the-art-of-manorhary.com