နေပျော်ပါတယ်
မြတ်နိုးသူ….
..နင်မရှိတဲ့ ဒီအရပ်
ဘယ်ဇာတ်နဲ့ ဘယ်သရုပ်နဲ့နေရမှာလဲ……….
တော်တော်ခြောက်သွေ့ တယ်ဟာ…………………
အလိုလိုနိပ်မိတဲ့..ဒီဂဏန်း….
ဒီနံပါတ်…..
အမြဲတမ်းကြားနေရတဲ့…..Busy to Busy ..
နင်ကော..တကယ်ပျော်လို လား…..
တကယ်……………………..
………..
နားလည်မိလို့ …..အပြစ်လည်းမမြင်…
ဝေးလည်မဝေးခြင်နေကျတဲ့ အဖြစ်ပါလားကွာ….
အချိန်ကာလတစ်ခုရဲ့….မှတ်တိုင်အောက်မှာ..
အတူတူရွက်လွင့်ပီး…………ပန်းတိုင်မြင်မှ….တတ်ကျိုးတဲ့အဖြစ်..
………………………………………………………………..
မြတ်နိုးသူရယ်…
အလေ့ကျရှင်သန်ပေါက်ဖွားနေတဲ့ …ဒီအလွမ်းတွေ..
ခံစားချက်တွေကို…ဘယ်လိုရိပ်သိမ်းရမှာလဲ….
……………………………………
အချစ်ဆိုတဲ့ ဘာသာ
ငါ့သမိုင်းမှာ…မသင်ဖူးတော့…..
ဝါကျတစ်ခုတည်ဆောက်ဖို့တောင်….မလွယ်ပါလား….
မှတ်ယူပါမယ်…
ကံကြမ္မာရဲ့  …..အကွက်ကျစီစဉ်မှုပေါ့….
နားလည်မှုဆိုတဲ့ စကားလုံးတွေစားသုံးရင်..
ဆိတ်သုန်းရမယ့် အဖြစ်တွေပေါ့
အရှုံးတွေကို တံဆိပ်ခေါင်းလို
စုပီး…………………
သံယောဇဉ်အကျဉ်းသားအဖြစ်နဲ့ ..
ငါ………………………………..
ပျော်မွေပါမယ်…………………………
တပေါင်း(OK)
Comment #2
ကဗျာက ရေရေလည်လည်ဖတ်လို့ကောင်းတယ်ဗျ
ကဗျာတွေမဖတ်တာကြာသော်ငြားလည်း ရွာက ကဗျာလေးတွေ ဖတ်လို့ ကောင်းမြဲကောင်းဆဲပါပဲ ~~
With respect,
RAY
Comment #1
Hna lone tarr hnit khan sarr twar par de.