နွေအလွမ်း
တန်ခူးနွေမှာ
ပိတောက်တွေဝေကာ
ဒဏ်ရာတွေကြွေ
သင်မှတ်မထားတဲ့
နှစ်ပတ်လည်နေ့ 
မျှော်မနေတော့ဘူး ချစ်တဲ့သူရေ … ။ ။
နွေကိုချစ်လို့ 
အပူကိုမြတ်နိုး
ပိုးဖလံလိုမျိုး
မျက်စိစုံမှိတ်
တိုးဝင်ခဲ့တဲ့  အတိတ်ရဲ့ မှတ်တိုင်
နွေရောက်တိုင်းလေ
လွမ်းနေတယ် ချစ်တဲ့ သူရယ် … ။ ။
အို … နွေ …
ညဆိုလည်းဖြေမဆည်နိုင်ဘူးလေ
သင်ချန်ထားခဲ့တဲ့
အပူရှိန်တွေ
အလွမ်းနှင့်အတူ
အမှောင်ကိုအဖော်ပြု
နွေအိမ်မက်အကြောင်း
တစေ့တစောင်းပြော …
မော …
ညတွေ … ညတွေ … ။ ။
Comment #2
:'(
:'(
:'(
By: ei lay at Apr 4, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
နွေအိပ်မက်မှတော့ မောပြီပေါ့ရှင်