ကွာဝေးခြင်း..
လမ်းတစ်ခုပေါ် အရောက်ပစ်တင်ခံရတဲ့ သစ်ရွက်လို
ဝေေ၀၀ါးဝါး လေဟုန်စီးရတဲ့ အရသာ
ဘယ်သူတွေတက်နင်းသွားမလဲ….ငါမစဉ်းစားသလို
ဘယ်ပညာရှိမှ မီးနဲ့ မကစားဘူး.။
ဆင်းရဲသား ဝေါဟာရတစ်ခုပါပဲ……..
ငါ့အတွက် အချစ်ဆိုတာ….အရာရာ
ဥပေက္ခာတွေ အကြိမ်ကြိမ်….ရှေ့ တန်းပို့ပေမဲ့
အသည်းက ယုန်တစ်ကောင်လောက် အသုံးမကျတော့..အခက်
သိပြီးသား….အိပ်မက်ဆိုးတစ်ခုကို
နင့်လက်နဲ့ရေးထားမှတော့
ငါ့ကဗျာတွေ လေထဲလွင့်ကုန်တယ်။
ကချင်လွယ်အိတ်ကို စလွယ်သိုင်း….
လက်ထဲက စာအုက်က အဟောင်းဆိုင်အကျ
တစ်နေ့…ဂိမ်းတစ်ပွဲဆော့ဖို့ မနက်စာငတ်ရတဲ့…ငါ
ကဗျာ မြတ်နိုးသူပါ….ကဗျာဆရာမဟုက်ရပါဟာ……
ရှေ့ရေးမှာမြေပုံမပါပေမဲ့…..သေချာတာ……
နင့်ကိုချစ်တယ်…။
လွယ်ကူလွန်းတဲ့..ကဗျာတစ်ပုဒ်လိုတော့
ငါ့ကို..နင်ကျော်လွှားမသွားစေချင်မိတာ…..
အနုပညာ…ရသမြောက်ချစ်ခြင်းကိုနင်……
ငါ့အချစ်တွေနဲ့ ရှာတွေ့စေချင်လို့……
နင့်ရဲ့ တစ်ဦးတည်းသောကဗျာဆရာအဖြစ်လေ….။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Who say writing poems are Eazy?
Who say creating poems are Eazy?
Garrrrrrrrr
I hate the person who overdownlook to the poets or creators.