ငါ့ဘုရင်မ
မတော်တဆမဟုတ်ဘူး
ခုံမင်စွာတိုးဝင်ခဲ့တာ
ထောက်ချောက်လို့ မပြောပါနဲ့
သူလည်းတမင်ရည်ရွယ်ခဲ့တာမှ မဟုတ်ပဲ…။
တာရာမင်းဝေ ရေးခဲ့တာ
“သီချင်းလေးတွေ တိုးတိုးညည်းရင်း
ထိရှခဲ့တဲ့ သွေးမဲ့ဒဏ်ရာတစ်ချက်ပါ “တဲ့။
နာကျင်ပေမယ့် ချိုမြိန်နေလို့လည်း တက်မက်ခဲ့ကြတာပဲလေ…။
ချစ်တယ်ဆိုတဲ့ ခပ်လွယ်လွယ်စကားမပါပဲ
မြတ်နိုးရသမျှကို နင့်အနားမှာ နွေးထွေးစေချင်တာ…
မှားတယ်လို့ပြောပြော နုံအ,တယ်ပဲပြောပြော
နင်ပြုံးရင် ငါပျော်နေတတ်တာ
မွေးရာပါမဟုတ်လည်း အရိုးတော့စွဲနေပြီ…။
ကျေနပ်စွာလက်နက်ချခဲ့ပါတယ်။
ခပ်မှောင်မှောင်ဒီရင်ခွင် အပျက်အစီးတွေမများသေးခင်…
ကိုယ့်ကိုယ်ကို လိမ်ရတာ ပင်ပန်းပြီး
အပြစ်တွေကြီးလွန်းလို့…။
အလွမ်းတွေလည်း ငါ့အခန်းနဲ့မဆံ့တော့ဘူး
မျက်ရည်နံ့လည်း မရချင်ဘူး အိပ်မက်လေးရေ…။
ဘယ်လောက်ဝေးဝေး
မျှော်လင့်ခြင်းတပွေ့တပိုက်နဲ့ နင့်ရဲ့အနီးဆုံးလူပဲဖြစ်ချင်တယ်…။
ကြယ်တွေကို ရေတွက်ရင်း…
ငါစောင့်နေပါ့မယ်…
… … … … … …
နင့်ရယ်သံတွေနဲ့အတူ ငါ့ကမ္ဘာနေထွက်ချင်လို့ပါ။
NMT 10/06/2010 05:47
Comment #2
တကယ်ကြိုက်ပါတယ်(ကဗျာကိုနော်)
ဆက်ရေးပါနော်
Comment #3
ကောင်းတယ် ………ကဗျာလေးက မဆိုးဘူး
Comment #1
မျက်ရည်နံ့လည်း မရချင်ဘူး အိပ်မက်လေးရေ…။