ငှက်ပျောတုံး ကလေးရယ်….
ကဗျာတစ်ပုဒ်လောက်တော့ဖွဲ့သင့်တယ်ထင်လို့
မယ်မဒီကလေးအကြောင်း
ညနေခင်းကလေးအကြောင်း
လတ်ဆတ်တဲ့လေညင်းကလေးအကြောင်း
အချိန်ပေးမှသိနိုင်လိမ့်မယ့် စွဲမြဲမြတ်နိုးငြိတွယ်မိ
စိတ်တွေအကြောင်း
သီချင်းတွေတစ်ပုဒ်ပြီးတစ်ပုဒ်ရေးဖြစ်ဦးမယ့်
မသေချာသောမနက်ဖြန်တွေအကြောင်း
စွန့် စားမှူတွေအလေ့အထုံရှိနေလျက်က
အိပ်မက်သစ်မက်ဖို့ ရံဖန်ခါမဝန့် ရဲမိတဲ့အကြောင်း
အချစ်ကသတ္တိ ကိုမွေးဖွားသလား?
သတ္တိရှိတဲ့လူမှ ချစ်ဖို့အရည်အခြင်းမှီသလား
နစ်ဦးနှစ်ဘက်ကို မခံစားမိဖူးတော့လည်း…
….
…
ငှက်ပျောတုံး ကလေးရယ်….
ဩမြိုင်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
@_@