၃၉မိုင်
စာမျက်နှာသစ်ကိုအလှန်
နောက်ကျန်မိုင်တိုင်ဟောင်းတွေပြန်ငေးမိ………
ရောင်စုံဘောလုံးတွေဟိုနားတစ်စသည်နားတစ်စ
အပိုင်းပိုင်းအကန့်အကန့် မညီမညာ
ပိန်တာပိန် ဖောင်းတာဖောင်း မြင့်တာမြင့် နိမ့်တာနိမ့်
တက်ကျလွင့်ပျံဝေ့၀ဲ………
ကားဝပ်ရှော့ကလက်သုတ်ပုဝါလိုတစ်ခါ
မိုးရွာပြီးစညနေခင်းလိုတစ်လှည့်
သံလိုက်အိမ်မြှောင်မဲ့သဘောင်္နဲ့ပင်လယ်ကူး
မီးပွိုင့်ကြည့်လို့မျဉ်းကျားဖြတ်ဖူးတယ်
စင်ပေါ်ဟစ်ဖူး ပရိတ်သတ်လည်းဖြစ်ဖူးခဲ့
စံပယ်လိုနုနယ် သစ်မင်းလိုဆူးထက်
အင်းလျားညနေမှာ (စိတ်နဲ့) ပန်းခြွေဖူးတယ်……..
ခုဆို
ကိန်းသေအလျှင်မှာခြေကျင်းခတ်ခံရင်း
ဆောင်းခိုငှက်တွေဝင်ဝင်အောင်း
ပြက္ခဒိန်ဟောင်းတို့ ထူသထက်ထူလာ
ပိုးတွေသာကုန်လှပေါ့ စောင်းတော့ဖြင့်မတတ်သေး…………………..
(39- နှစ်ပြည့်မွေးနေ့ အမှတ်တရ)
Comment #2
ရေးထားပုံလေး ကြိုက်တယ်အကို
By: thit khet at Apr 15, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဘ၀ .. အသက် .. အောင်မြင်မှု .. ပျော်ရွှင်မှု
..