မှားယွင်း သစ်ပင်
မေ့ခြင်းသစ်ပင် ငါစိုက်ပျိုးကြည့်..
နှလုံးသားကို မြစ်ညှာထိုး
သွေးသားကို သြဇာလုပ်
မေ့ခြင်းသစ်သီး သီးစေဖို့….။ ။
ထိုသစ်ပင် ရှင်ရန်လည်းခက်ပါသည်
သီးကင်းသီးပွင့် တင်ရန်လည်းရက်ကြာသည်။ ။
ခက်ဖြာချို့တဲ့ ထိုးထွက်လို့
နှစ်တွေရယ်ကြာ
သီးကင်းစမြင်လာတော့
မေ့ခြင်းသစ်သီး အစား ဝေဒနာသီးများပါတဲ့…။ ။
နှစ်တွေရယ်ကြာ မေ့ရန်လည်းခက်ပါသည်
ခံစားရဝေဒနာ ခံရလည်းခက်ပါသည်။ ။
Comment #2
Nice creations with the best words.
Excellent thoughts with the sweet feeling.
By: ei lay at Apr 28, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မှန်ပ့ါ
အဲဒီ့အပင်ရေမလောင်းမိစေနှင့်
ခက် ခက် အလွန်ခက်