စိတ်ကူးသက်သက်
တို့တွေက သူငယ်ချင်းနော်….
ငယ်ငယ်လေးကထဲကလေ
တို့တွေကို မိဘတွေက် သဘောတူကြတယ်နော်…
လက်ထပ်ပေးမယ်တဲ့..
တို့တွေက အရမ်းချစ်ခဲ့ကြတဲ့ ချစ်သူတွေနော်…
တွေ့တဲ့လူတိုင်းက အားကျတယ်လေ..
တို့တွေက ရည်မှန်းချက်ကိုယ်စီနဲ့ လေ
ဘ၀ ကို အလှပဆုံးတည်ဆောက်မယ်ဆိုတဲ့ စိတ်ကူးတွေနဲ့လေ
တို့တွေ လက်ထပ်ကြတော့မယ်နော်
ငါ က နင် နဲ့ လက်ထပ်မှာ မဟုတ်သလို
နင်ကလဲ ငါနဲ့ လက်ထပ်မှာ မဟုတ်ဘူးနော်
နင် ကြောင့် ငါ နာကျင်ရတယ်
ငါ ကြောင့် နင်လဲ နာကျင်ရတယ်
တို့ ၂ ယောက် ဘာတွေမှား ခဲ့ကြလဲ…….
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
တစ်ခါတစ်လေ မင်းမျက်ဝန်းက
လှောင်ပြုံးတွေကို ငါအမှတ်ရတတ်တယ်
တစ်ခါတစ်လေ မင်းနှလုံးသားက
လိမ်ညာတဲ့စကားတွေကို ငါကြားချင်နေတတ်တယ်
တစ်ခါတစ်လေ ငါ့မျက်ဝန်းထဲက
မင်း နှုတ်ခမ်းတွေကို အမှတ်ပေးနေမိတယ်
တစ်ခါတစ်လေ င့ါနှလုံးသားက
ဟန်မဆောင်နိုင်တော့ပဲ ပြောမိမှာကြောက်တတ်လာတယ်
တစ်ခါတစ်လေ ရောက်ဖူးသမျှနေရာတိုင်း
မင်းရှိမလားဆိုပြီးတော့ လှည့်လှည့်ကြည့်မိတဲ့
ငါ .. …. .. ..
မင်း ဘယ်မှာလဲ …
ငါ့ကိုပြောခဲ့ပါ ……..။