ယူဆချက် (သို့) အဖြစ်မှန်
ရင်ထဲက ဝေဒနာကို
ငါကလွဲပြီး ဘယ်သူပိုသိမလဲ။
ဖြစ်နိုင်မယ်ဆိုရင်
ပြလိုက်ချင်သေးရဲ့
ငယ်ငယ်တုန်းက အသီးရဲ့အစေ့တွေကို
မျိုချမိခဲ့ရင် အပင်ပေါက်လာမှာလို့
အပြောခံခဲ့ဖူးတယ်။
အဲဒီအတိုင်းသာ မှန်ခဲ့ရင်
အခုဆို ငါ့မှာ အလွမ်းပင်ကြီးပေါက်နေတာ
တော်တော်တောင် ကြီးနေရော့မယ်။
(အလွမ်းတွေ မျိုချနေရတာ များလှပြီ)။ ။
Eureka (ယူရေကာ)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အင်း များနေပါပေါ့လား