ချစ်သူရှိရင် ………
လပြည့်ဝန်းကြီးလိုပဲ
ဘယ်လောက်ကြည့်ကြည့်
ကြည့်လို့မဝတဲ့ မင်းမျက်နှာ …….
ငှက်ကလေးတွေရဲ့ တေးသီချင်းလိုပဲ
ဘယ်အချိန်ကြားရကြားရ
အမြဲတမ်း ချိုမြနေတဲ့ မင်းသံသာတွေ …….
မွှေးကြိုင်လန်းဆန်းနေတဲ့
ပန်းလေးတစ်ပွင့်လိုပဲ
ဘယ်နှစ်ကြိမ်နမ်းနမ်း အမြဲတမ်း
စွဲလမ်းတမ်းတနေစေတဲ့
့
့မင်းနှုတ်ခမ်းတစ်စုံ …….
ု
တသွင်သွင်စီးဆင်းနေတဲ့
စမ်းချောင်းလေးတစ်ခုလိုပဲ
ဘယ်လောက်ပင်ပန်းပင်ပန်း
ရင်ကို ထာဝရ အေးချမ်းသွားစေတဲ့
မင်းအနမ်းတွေ …….
ု
ိငါ့ဘဝမှာ အရာအားလုံး ပြီးပြည့်စုံပါပြီ
ငါ ဘာကိုမှ မလိုအပ်တော့ပါဘူး
တကယ်ပါ ချစ်သူ
မင်းရှိနေရင် ငါ ဘာကိုမှ
မလိုအပ်တော့ပါဘူး ချစ်သူရယ် ……..
ု
ံ
Comment #2
ချစ်သူရှိရင် အိုကေ
By: မေပျို at May 25, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဟိ
ရင်တောင်ခုန်သွားတယ်