ဝေဒနာ
သူ့ခရီးဟာ
တိုးတိုးတိတ်တိတ် အသံဆိတ်တယ်။
လူမသိ သူမသိ ကိုယ့်တယောက်တည်းပဲသိတယ်။
သူဟာ
ဘယ်သူ့အတွက်မှ အားမဖြစ်ပေမယ့်
ကိုယ့်အတွက်ကိုယ် အခမ်းနားဆုံး ဖြစ်တယ်။
ကိုယ်နဲ့ ကိုယ်ကလွဲပြီး
တစ်ခြားဘယ်သူမှ .. ဘာသာမပြန်တတ်ဘူး
တစ်ခြားဘယ်သူမှ .. ခံစား နားလည်မပေးနိုင်ဘူး
သိပ်မပြင်းထန်ရင် dialogue ဆန်တဲ့
နှစ်လမ်းမောင်းတဲ့ ခံစားချက်…
ပြင်းထန်လွန်းလေ monologue ဆန်လေနဲ့။
ရင်းခဲ့ရသမျှ … အားမလျော့တမ်း မာန်တင်းရင်း
ခါးသီးတဲ့ ခရီးရှည်ကို ….
အဖော်မဲ့စွာ…
သီးသန့်ဆန်စွာ…
နာကျင် ခက်ခဲစွာ…
ပင်းပန်း ကြေကွဲစွာ
မောဟိုက် ဆို့နင့်စွာ
ချိနဲ့ အားငယ်စွာ ……..မရပ်မနား ခုတ်မောင်းသွားလေရဲ့
noble
Comment #2
So strong.

Comment #3
nice

Comment #4
ဝေဒနာ ဝေဒနာ
ကြာလေ ဆိုးလေ
ဖတ်သွားပါတယ်

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မိုက်တယ် အားပေးနေမယ်