ရှင့်ကို ကျွန်မရဲ့လက်သည်းဆိုးဆေးတစ်ပုလင်းလောက် ယုံကြည်သက်ဝင်မှုမရှိဘူး ကိုဆက်
ခပ်မြန်မြန်သေပဲမှာလို့
ခပ်လွယ်လွယ် ယုံကြည်တယ်မဟုတ်လား။
လုပ်ပါ
ခပ်စိမ်းစိမ်းအကြည့်နဲ့
ခပ်နက်နက် ကြည့်ပစ်လိုက်စမ်းပါ။
ခပ်ဆန်းဆန်း အတွေးအခေါ်တွေမသုံးလဲ
ခပ်တုံးတုံးငါက သေပါတယ်ချာတိတ်ရယ်..
မယုံမရှိနဲ့..
မင်းဆံပင်ကို အီမိုကေ ညှပ်လိုက်တည်းက
ငါ့အသက်က ခပ်ပါးပါးကျန်တာ။
ခပ်ဆတ်ဆတ် ပြောပြော
ခပ်ဖျော့ဖျော့ ပြောပြော
သေဒဏ်ဟာ သေဒဏ်ပါပဲ
ကဲ
ငါကတော့ ခပ်တည်တည်ပဲ..ချာတိတ်ရေ
သေအောင်သာသတ်
သတ်ရင် သေပေးလိုက်မယ်
ကွယ်..ကြည့်စမ်း
ဘယ်လောက် လွယ်သလဲ.။
လွယ်လင့်တကူ နဲ့
လူလွင့် တကယ်သေသွားလည်း
သနားစရာမရှိဘူး
အောင်နိုင်သူကြီးရဲ့..။
ခပ်မာမာပြောရရင်
မင်းရဲ့လက်သည်းဆိုးဆေးနံ့က
ငါ့ရဲ့ အကြီးဆုံး ငရဲပဲ..ချာတိတ်..။
နိုးဆက်
Comment #2
ခပ်ဆန်းဆန်း အတွေးအခေါ်တွေမသုံးလဲ
ခပ်တုံးတုံးငါက သေပါတယ်ချာတိတ်ရယ်..
………………………………………….
ကောင်းလိုက်တဲ့ စကားလုံးအသုံးအနှုန်းတွေ….

Comment #3
ပြာစရာ မရှိ။ လုံးဝ ကောင်းတယ်။ အားပေးလျက် ပါပဲ နိုးဆက်

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အားပေးသွားပါတယ်…………