၂၀၀၅
၂၀၀၅
……………
……………
ဇကောထဲထည့်အလှိမ့်ခံရတဲ့ဇီးဖြူသီးတွေလို
စကားလုံးတွေနဲ့
ငါက မန္တလေးကိုရောက်တယ်
နင်က
ဆေးစက်တွေနဲ့
မုံရွာမှာကျန်ရစ်တယ်
၂၀၀၅က
နင့်ကိုကျောင်းထုတ်လိုက်တယ်
ငါ့ကိုတော့
အိမ်ကနှင်ချတယ်
ငါတို့အတွက်
လမ်းက
စာသင်ကျောင်းဖြစ်ခဲ့တယ်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service