ကျွန်တော့်ရဲ့ မိုးတိမ်
ကျွန်တော်ရဲ့မိုးတိမ်…
ဖြူလွှလွှရယ်လား…
မဟုတ်ရဘူး …
သူက မီးခိုးရောင်ရယ်ပါ…
ကျွန်တော့်မျက်ရည်တွေ သိမ်းဆည်းထားတော့ …
သူလည်း မောမပေါ့ …
ကျွန်တော့အတွက်တော့…သူက ကော်ဖီရဲ့ အကောင်းဆုံးသူငယ်ချင်း….
တစ်ခါတစ်လေ သူရောက်လာတော့ …
ပျော်ရွှင်သူက ကခုန်တယ် …
မလိုသူက … ဘာရယ်ညာရယ်ပေါ့…
ကော်ဖီခွက်ကတော့ နွေးတုန်းပဲ …
ကျွန်တော်လည်း … အတွေးမဆုံးသေးတဲ့ သူ့ ကကြိုးတွေကြားမှာ…
ငေးမောနေမြဲ…. ပြုံးနေမြဲ….
ပျော်နေပါစေ…ကျွန်တော့်ရဲ့မိုးတိမ်…
နောက်တစ်ခေါက်တွေ့ ရင် …
စိတ်ကူးကမ္ဘာ ခေါ်လာခဲ့ပါဦး…
ကျွန်တော်ချစ်တဲ့မိုးတိမ်….
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service