နေပျော်ပါတယ်လေ
ပျော်နေရဲ့ လား …
သူ့ စကားက မေးရက်လို့ သာ …
ဖြေရမလား …
သူလိုကိုယ်လို ဒီလိုတွေပဲ …
ပျော်တယ်မဟုတ် … မပျော်ရယ်လည်း …
ဒီအဆင်း ဒီအတက် …
ရှုတိုင်း ငြီးနေတော့ …
လျှောက်ရမယ့်လမ်း … ရွေးခဲ့ပြီမို့ …
ဒီအတိုင်းလေးပဲ …
နေပျော်ပါတယ်လေ…
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service