ဒဏ်ရာရသော ဗီလိန်
ဝေလံခေါင်သီတဲ့ ငါ့ အခန်း
တပိုင်းတစ မြေမြုပ်မှုတွေနဲ့
အရောင်းမထွက်တဲ့ ကုန်ကြမ်းတွေရှိတယ်
အရောင်အဆင်းမရှိတဲ့ ကိုယ်ကျင့်တရားတွေရှိတယ်
ဒါတွေနဲ့အတူ
ထုံထိုင်းနေတဲ့ စုတ်ပြတ်သတ်ခန္ဓာလည်း ရှိနေရဲ့
မဆယ်သင့်တဲ့ ရေပုံးစုပ်အနေအထားနှင့်
ရူးသွပ်မှုဆိုတဲ့ အတိုင်းအတာ
အလျား အနံ ထောင့်ဖြတ်တော့ မကျသင့်ဘူး
ပစ္စုပ္ပန်ကိုတွေး အနာဂတ်ကိုငေးရင်းနဲ့
ဦးနှောက် တပိုင်း သေခဲ့ပြီး
အသံလုံးဝ မထွက် ဖြုတ်ခနဲပဲ
ငါ့ကို သတ်တဲ့လက်နက်ဟာ
ပုံရိပ်တခုဆိုရင် မင်းအော်ဟစ်ရယ်မောအုံးမယ်
အစောကတည်းက ၀င်မပူးပါနဲ့လား
နုတ်ယူပြီးချိန်တောင် နှုတ်ခမ်းလေးတချက်မဲ့
၃ ပုံ ၁ပုံ အပြုံးလေး ပြုံးနေသေးတယ်
တကိုယ်တော် ကောင်းကင်ပျောက်ဆုံးမှုဟာ
ကမ္ဘာပျောက်တာနဲ့တူအောင် ဖန်တီးပေးခဲ့ပြီး
ငါ့အတိတ်ဟာ ငါ့နံရံနဲ့အတူ စွပ်စွဲခံပေါ့ကွာ
လောကနီတိကို ခေတ်ရေစီးကြောင်းဆိုတဲ့
စကားလုံးတချို့အောက် ရောက်မှတော့
အဖြူနည်းတဲ့ ရောင်စုံတွေ အားသာရမယ်လေ
အပေါစားမဆန်တဲ့ ပတ်ဝန်းကျင်ကြီးထဲမှာ
ငါဟာ အပေါစားဆန်ခဲ့မှတော့
မျက်နှာမှာ အပြုံးအမြဲမပျက်ရမယ့်
ဝတ္တရားကြီးလည်း ရရှိခဲ့ပြီး
ကန့်လန့်ကာကြီးရှိနေလည်း
ပိတ်ကားနောက်က အစုန်တတန်
ငါ့ကျောပိုးအိတ်ထဲ အပြည့်ပဲ
ပေတေလေလွင့်တကောင်ရဲ့
တစုံတရာကို လွှမ်းမိုးမှုအတွက်
ငါရှို့တဲ့မီး ငါ့ကိုယ့်ငါကျွမ်းလောင်စွာနဲ့
ချူပ်ငြိမ်းစေဖို့ရာ..
.
.
မေတ္တာတရား သောင်းခြောင်ထောင်ကို
သရုပ်ပီပြင်အောင်
အရှုပ်ဖြစ်စေဆိုတဲ့ သရုပ်ဆောင်ကောင်
ap