“ တစ္စေတစ်ကောင်၏ အဇ္ဇျတ္တကိုက်ခဲခြင်း ”
စိတ်နာတယ် “ အမှောင် ”
ပိန်းပိတ်အောင် လောင်ကျွမ်းနေတဲ့လရောင်မှာ
ငါဟာ တိတ်တခိုး ကျရှူံးသူ …
အလင်းတွေ ငတ်မွတ်တမ်းတ
ကောင်းကင်ဟာ သရေတမြားမြား
အိပ်မပျော်သူကို ညှို့ငင်ခေါ်ယူလို့
တစ်စွန်းတစ်စ ကြားယောင်နေတဲ့
ပန်းပွင့်အူသံဟာ ရေမှုန်ရေမွားတွေကအစ
စိတ္တဇယောင်ဆောင်ပြီး ခြောက်လှန့်နေတယ် …
လေပြေပိုက်ကွန်မှာ အတွေးဟာ
ပင့်ကူတစ်ကောင်လို ချည်ငင်ရစ်ဖွဲ့
သစ်ပင်လိုဘဝတွေသာ လှုပ်လှဲရမ်းခါရပြန်တယ် …
အာရုဏ်အတက်ဆိုတာ
ခါတိုင်းဒီလောက်မခက်ဘူးမဟုတ်လား
အချိန်ရဲ့ အပိုင်းအခြားမှာ
မီးခိုးရောင်သက်တန့်တွေ
မီးတောက်လို လွင့်လူးခက်ထန်လာ …
ငါ့မျက်လုံးတစ်ရံမှာ ချောရည်အိပ်မက်တွေနဲ့
စီးဆင်းအက်ကွဲ ……..
ပြာမှုန်လိုအကြည့်တွေဘဲ ထစ်ချုန်းအုံ့သည်းရင်း
ငါဟာ ကဗျာကို မုန်းသွားခဲ့ပြီ …. ။
နေမင်းဝေး (ခ) မောင်ရေခဲ – ကောင်မလေးထွက်သွားပြီးနောက် ၁၉၁ ရက်အကြာ …
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service