ကဗျာ….ဖြစ်တည်ခြင်း
ငါက
အတွေးတွေထဲ ကစားနေတဲ့ကောင်လား
ဘေးထိုင်ဘုပြောတဲ့ ပတ်ဝန်းကျင်ရဲ့
လေသံတွေကြား ငါမုန်တိုင်းဒဏ်ခံရသလို
နာကျဉ်နေသလား။
မသေချာခြင်းတွေ ယက်လုပ်ထားတာကို
က ဘ၀….
ဒီမှာ မီးမလာဘူးဆိုတာ ….ကျ.ယ်ကျယ်လောင်လောင်
အော်ခွင့်မရှိသလို
ရင်ဘတ်ထဲ…..မင်းချစ်ခြင်းမီမလင်းနိုင်တာ ငါဘယ်မှာ
အော်ဟစ်ရမလဲ……….။
တစ်ချို့က ပြောကျတယ်
ကဗျာဆိုတာ ဝေဒနာ နဲ့ ပညာနဲ့ပေါင်းစပ်ထားတာ
အေး
ဒါပေမဲ့ င့ါကတော့….ကဗျာဆိုတာ
မင်းနဲ့တွေ့မှ…..
ပွင့်တဲ့ စကားလုံး
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Brother……………..
စိတ်မရှိနဲ့ နော်………..
အော်ခွင့်လား…………အော်ခွင်လား(ဂွင်)လား.?
အော်ခွင်(ဂွင်)ဆိုရင်တော့ သစ်တယ်ဗျာ…………။