ရိုးသားဖြူစင်တဲ့ အချစ်
မာယာတွေသုံးကာ
နှလုံးသားကို တခဏအတွင်း
ခြွေယူသွားနိုင်တဲ့ အသုံးအနှုန်းမျိုး
ငါမဆိုတတ်ပါ ချစ်သူ ..
ဟန်ဆေင်ကာကြည့်တဲ့
ရင်ခုန်သံကို တခဏအတွင်းမြန်စေမဲ့
ရီဝေညှို့ငင်နိုင်တဲ့ မျက်ဝန်းပိုင်ရှင်
ငါမဟုတ်ပါ ချစ်သူ..
ပကာသနတွေနဲ့ တန်ဆာဆင်
တခဏအတွင်း သိမ်းသွင်း
စွဲမက်စေခြင်း အပြုံးမျိုး
ငါမပြုံးပြတတ်ပါ ချစ်သူ …
(တကယ်တော့)
ငါ့မှာရှိတာ မင်းကိုမစွဲဆောင်နိုင်တဲ့
ဖြူစင်တဲ့” အချစ် “
ကြင်နာသော ” မျက်ဝန်း “
ချိုမြိန်တဲ့ ” အပြုံး ” တွေပါပဲ .. ။
လွမ်းလှိုင်း
Comment #3
(တကယ်တော့)
ငါ့မှာရှိတာ မင်းကိုမစွဲဆောင်နိုင်တဲ့
ဖြူစင်တဲ့” အချစ် “
ကြင်နာသော ” မျက်ဝန်း “
ချိုမြိန်တဲ့ ” အပြုံး ” တွေပါပဲ .. ။
လိုသေးတယ် ….. ကြင်နာတဲ့ behavior နဲ့ Difficulties တွေကို့ help and solve ပေးမယ် ဆိုတဲ့ စာသားလေး…ဒါဆိုရင်တော့ လုံလောက်မယ်ထင်ပါတယ် 😛
Comment #5
nope,,,
it’s really enough.
Comment #6
ငါ့မှာရှိတာ မင်းကိုမစွဲဆောင်နိုင်တဲ့
ဖြူစင်တဲ့” အချစ် “
ကြင်နာသော ” မျက်ဝန်း “
ချိုမြိန်တဲ့ ” အပြုံး ” တွေပါပဲ .. ။
(အဲ့ အပိုဒ်လေးအကြိုက်ဆုံးပဲ)
Comment #7
yoe tar phyu sin de a chit ko kyike par d.
Comment #8
really really fond of title & poem.
Comment #10
!_!
!_!
Comment #1
(တကယ်တော့)
ငါ့မှာရှိတာ မင်းကိုမစွဲဆောင်နိုင်တဲ့
ဖြူစင်တဲ့” အချစ် “
ကြင်နာသော ” မျက်ဝန်း “
ချိုမြိန်တဲ့ ” အပြုံး ” တွေပါပဲ .. ။
ဒါတွေရှိနေမှတော့ ဘာလိုတော့မလဲ….