ဖြစ်ခြင်းသီအိုရီအတွက်အိပ်ဆေးမလိုသူ
“ဖြစ်ခြင်းသီအိုရီ“
ဖြစ်လာတာတွေကို ဖြစ်လာတဲ့အတိုင်းထားလိုက်တယ်
ဖြစ်မလာတာတွေကို ဖြစ်မလာတဲ့အတိုင်းထားလိုက်တယ်
ဖြစ်သင့်တာတွေကို ဖြစ်သင့်တာအတိုင်းထားလိုက်တယ်
ပြီးတော့ …
ဖြစ်ချင်တာတွေကို မေ့ထားလိုက်တယ်
ဖြစ်နိုင်တာတွေကို စိတ်မ၀င်စားတော့ဘူး ။ ။
(ဆိုက်ပရပ်စ်လင်း ၂၀၁၃)
“အိပ်ဆေးမလိုသူ”
ခြေလှမ်းတိုင်းသတိရခြင်းတွေခတ်နှိပ်လို့
ရှူရှိုက်နေရတာလဲ အလွမ်းသင့်လေထုကြီး
ဝေဒနာအပုပ်အသိုးတွေမြုပ်နှံထားတဲ့နေ့ရက်တွေနဲ့အတူ
ခေါင်းရင်းထက်ကဂစ်တာမှာအသည်းကွဲသီချင်းတွေရှိနေတယ်
သေချာတယ် ငါ့အတွက်အိပ်ဆေးမလိုတော့ဘူး ။ ။
(ဆိုက်ပရပ်စ်လင်း ၂၀၁၃)
https://www.facebook.com/cyprus.linn
[email protected]
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service